ပုပ္ရဟန္းမင္းႀကီး ခ်ီလီႏုိင္ငံကိုမလာခင္ ခ်ီလီက ဘုရားေက်ာင္းေတြ  တိုက္ခုိက္ခံရ

0
2103

ခ်ီလီႏုိင္ငံက ခရစ္ယာန္ဘုရားေက်ာင္းေတြ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ မလာေရာက္ခင္ အခ်ိန္မွာပဲ တုိက္ခုိက္ခံခဲ့ရပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ လာမယ့္ သီတင္းပတ္ထဲမွာ ခ်ီလီႏိုင္ငံကို လာေရာက္ဖုိ႔ရွိပါတယ္။ ဆန္တီယာဂိုၿမိဳ႕ရွိ ဘုရားေက်ာင္း သံုးေက်ာင္းဟာ မီးေလာင္ဗံုးေတြနဲ႔ တုိက္ခုိက္ခံရလုိ႔ ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။  

ဘုရားေက်ာင္းေတြ တိုက္ခုိက္ခံရမႈနဲ႔ ပတ္သက္ၿပီး ခ်ီလီသမၼတ ဘာခ်ီလက္ကေတာ့ အခု တုိက္ခုိက္ခံရတဲ့ျဖစ္ရပ္ဟာ ထူးဆန္းတယ္လို႔ ေျပာခဲ့ပါတယ္။  

တိုက္ခုိက္ခဲ့သူကို ဖမ္းဆီးႏုိင္တာ မရွိေသးသလို  ထိခုိက္ဒဏ္ရာလည္း မရခဲ့ဘူးလို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ တုိက္ခိုက္မႈေတြဟာ ခ်ီလီႏုိင္ငံကို ပုပ္ရဟန္းမင္းႀကီး မလာခင္ ပုပ္ရဟန္းမင္းႀကီးကို  သတိေပးတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ယူဆမႈေတြလည္း ရွိေနတဲ့အတြက္ လံုၿခံဳေရး တင္းၾကပ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုပ်ရဟန်းမင်းကြီး ချီလီနိုင်ငံကိုမလာခင် ချီလီက ဘုရားကျောင်းတွေ တိုက်ခိုက်ခံရ

ချီလီနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မလာရောက်ခင် အချိန်မှာပဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ လာမယ့် သီတင်းပတ်ထဲမှာ ချီလီနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ ဆန်တီယာဂိုမြို့ရှိ ဘုရားကျောင်း သုံးကျောင်းဟာ မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခံရလို့ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ချီလီသမ္မတ ဘာချီလက်ကတော့ အခု တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ဟာ ထူးဆန်းတယ်လို့ ပြောခဲ့ပါတယ်။

တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးနိုင်တာ မရှိသေးသလို ထိခိုက်ဒဏ်ရာလည်း မရခဲ့ဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုတွေဟာ ချီလီနိုင်ငံကို ပုပ်ရဟန်းမင်းကြီး မလာခင် ပုပ်ရဟန်းမင်းကြီးကို သတိပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆမှုတွေလည်း ရှိနေတဲ့အတွက် လုံခြုံရေး တင်းကြပ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)