မိန္းကေလးတစ္ဦးရဲ႕ ညစ္ညမ္းပံုေတြ ေဖ့စ္ဘုတ္မွာ တင္ၿပီး ေငြညွစ္သူကို အမႈဖြင့္

0
2162

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕မွာ၊ မိန္းကေလးတစ္ဦးကို ေဖ့စ္ဘုတ္ေပၚမွာ ညစ္ညမ္းပံု တင္ၿပီး ေငြညွစ္တဲ့သူကို မိုးေကာင္းၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

အမည္နဲ႔ ေနရပ္လိပ္စာ မသိသူ အမ်ိဳးသားတစ္ဦးက မိန္းကေလးရဲ႕ ညစ္ညမ္း ပံုေတြတင္ထားေၾကာင္း၊ ေငြ ၁၀ သိန္း ေပးရင္ ပံုေတြ ဖ်က္ေပးမွာ ျဖစ္ၿပီး မဖ်က္ေပးရင္ ပံုေတြ ဆက္တင္မွာ ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ ေငြညွစ္ခဲ့တာ ျဖစ္ပါတယ္။

ၿခိမ္းေျခာက္ခံရတဲ့ မိန္းကေလးက ဇန္နဝါရီ ၁၁ ရက္ေန႔မွာ မိုးေကာင္းၿမိဳ႕ရဲစခန္းကို တိုင္တန္းခဲ့တဲ့အတြက္ ၿခိမ္းေျခာက္ ေငြညွစ္သူကို အမႈဖြင့္ စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိန်းကလေးတစ်ဦးရဲ့ ညစ်ညမ်းပုံတွေ ဖေ့စ်ဘုတ်မှာ တင်ပြီး ငွေညှစ်သူကို အမှုဖွင့်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ၊ မိန်းကလေးတစ်ဦးကို ဖေ့စ်ဘုတ်ပေါ်မှာ ညစ်ညမ်းပုံ တင်ပြီး ငွေညှစ်တဲ့သူကို မိုးကောင်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အမည်နဲ့ နေရပ်လိပ်စာ မသိသူ အမျိုးသားတစ်ဦးက မိန်းကလေးရဲ့ ညစ်ညမ်း ပုံတွေတင်ထားကြောင်း၊ ငွေ ၁၀ သိန်း ပေးရင် ပုံတွေ ဖျက်ပေးမှာ ဖြစ်ပြီး မဖျက်ပေးရင် ပုံတွေ ဆက်တင်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ငွေညှစ်ခဲ့တာ ဖြစ်ပါတယ်။

ခြိမ်းခြောက်ခံရတဲ့ မိန်းကလေးက ဇန်နဝါရီ ၁၁ ရက်နေ့မှာ မိုးကောင်းမြို့ရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် ခြိမ်းခြောက် ငွေညှစ်သူကို အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)