ထရမ့္လက္ေအာက္မွာ တာဝန္ မထမ္းေဆာင္လုိတာေၾကာင့္ ပနာမား သံအမတ္ႀကီး ႏုတ္ထြက္

0
2081

ပနားမားဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး ဂြ်န္ ဖီးေလးဟာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္လက္ေအာက္မွာ တာ၀န္ထမ္းေဆာင္လုိမႈ မရွိတာေၾကာင့္ ရာထူးကေန ႏုတ္ထြက္သြားပါတယ္။  

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ဖရီးေလးရဲ႕ ႏုတ္ထြက္စာကို လက္ခံခဲ့ပါတယ္။ အေမရိကန္ သမၼတက အာဖရိကႏုိင္ငံေတြ၊ ေဟတီတို႔နဲ႔ ပတ္သက္ၿပီး ေျပာဆုိခဲ့တဲ့ မွတ္ခ်က္အေပၚ သံအမတ္ႀကီး ဖရီးေလးက ႏွစ္သက္မႈ မရွိတာေၾကာင့္ ရာထူးကေန ႏုတ္ထြက္ခဲ့တာျဖစ္တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။  

သံအမတ္ႀကီးဟာ လက္တင္အေမရိကန္မွာ သံအမတ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာ တာဝန္ယူခဲ့ေပမယ့္ ပုဂၢိဳလ္ေရးဆုိင္ရာ အေၾကာင္းျပခ်က္ေၾကာင့္ ရာထူးက ထြက္ခဲ့တာလို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန  ဒုတိယဝန္ႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထရမ့်လက်အောက်မှာ တာဝန် မထမ်းဆောင်လိုတာကြောင့် ပနာမား သံအမတ်ကြီး နုတ်ထွက်

ပနားမားဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျွန် ဖီးလေးဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုမှု မရှိတာကြောင့် ရာထူးကနေ နုတ်ထွက်သွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖရီးလေးရဲ့ နုတ်ထွက်စာကို လက်ခံခဲ့ပါတယ်။ အမေရိကန် သမ္မတက အာဖရိကနိုင်ငံတွေ၊ ဟေတီတို့နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ မှတ်ချက်အပေါ် သံအမတ်ကြီး ဖရီးလေးက နှစ်သက်မှု မရှိတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သံအမတ်ကြီးဟာ လက်တင်အမေရိကန်မှာ သံအမတ်အဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် ရာထူးက ထွက်ခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)