
0
2095




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန်ချက်ဇ် အပြောင်းအရွှေ့ကို အာရုံမစိုက်ဖို့ မန်စီးတီးနည်းပြ သတိပေး

မန်စီးတီးနည်းပြ နည်းပြ ဂွာဒီယိုလာက အာဆင်နယ်တိုက်စစ်မှူး ဆန်ချက်ဇ်ကို ခေါ်ယူဖို့ အလားလာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေမယ့်အစား အသင်းရဲ့ လက်ရှိခြေစွမ်း ထိန်းသိမ်းနိုင်ရေးကိုသာ အာရုံစိုက်ဖို့ မန်စီးတီး ကစားသမားတွေကို သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့အပြိုင် မန်ယူအသင်းကလည်း ဆန်ချက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ မန်ယူအသင်းက ဆန်ချက်ဇ်အတွက် အာဆင်နယ် တောင်းဆိုတဲ့ ပမာဏာအတိုင်း ပိုပေးဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

မန်စီးတီးအသင်းကတော့ အာဆင်နယ်အသင်း တောင်းဆိုတဲ့ ပေါင် ၃၅ သန်းကို ပေးချေဖို့ ဆန္ဒမရှိသလို အေးဂျင့်ခ ပေါင် ၅ သန်းကို ထပ်ပေးလိုမှု မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီလို အခြေနေတွေကြောင့် မန်စီးတီးဟာ ဆန်ချက်ဇ်ကို ခေါ်ယူဖို့ စွန့်လွှတ်ဖွယ် ရှိနတယ်လို့ သတင်းတွေ ထွက်နေချိန်မှာ နည်းပြ ဂွာဒီယိုလာက သတိပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)