
0
46




ကစားသမားသစ် သုံးဦး ထပ်ခေါ်ယူဖို့ လိုလားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် နောက်ထပ် သုံးဦး ခေါ်ယူဖို့ လိုလားနေပါတယ်။

နည်းပြ ဆိုးလ်ရှားဟာ အသင်းကို ပြုပြင်ပြောင်းချင်နေတာကြောင့် အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ခရစ္စတယ်ပဲလေ့စ်က အာရွမ် ဝမ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ခေါ်ယူထားသလို ဆွမ်းဆီးအသင်း ဂျိန်းမ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ပေါ့ဘာနဲ့ လူကာကူတို့ ထွက်ဖို့ အလားအလာ ရှိနေရာ သူတို့နေရာမှာ အစားထိုးနိုင်ဖို့ နည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ၊ နောက်ခံလူနဲ့ တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူဖို့ လိုလားနေပါတယ်။