
0
39




လေဒီဂါဂါလည်း အလှကုန် ထုတ်တော့မယ်


အမေရိကန် အဆိုတော် လေဒီဂါဂါကလည်း သူပိုင်လုပ်ငန်းကနေ အလှကုန်တွေ ထုတ်တော့မယ်လို့ ဖွင့်ပြောလိုက်ပါတယ်။


ပေါ့ပ် အဆိုတော် လေဒီဂါဂါက ဇူလိုင်လ ၉ ရက်နေ့ လူမှုကွန်ရက် မီဒီယာမှာ တင်လိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဟော့စ် ဓာတ်ခွဲခန်းက သူ့ရဲ့ အလှကုန်တွေကို လာမယ့် စက်တင်ဘာလောက်မှာ Amazon ကနေ တစ်ဆင့် ရောင်းချနိုင်တော့မယ်လို့ အကြောင်းကြားထားကြောင်း ပြောပါတယ်။


ဘစ်ဇနက် အော့ဖ် ဖက်ရှင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လေဒီဂါဂါရဲ့ အလှကုန်လုပ်ငန်းက ပထမဦးဆုံးအနေနဲ့ ပါး၊ မျက်လုံးနဲ့ နှုတ်ခမ်းတို့အတွက် ဘက်စုံသုံး ထုတ်ကုန်တွေ ထုတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ကြိုတင် မှာယူမယ်ဆိုရင် သုံးမျိုးပါ တစ်စုံကို အမေရိကန် ဒေါ်လာ ၄၉ ဒေါ်လာ ကျသင့်မှာပါ။