ေလက်င့္ခန္း ပ်က္ကြက္လို႔ တုိက္စစ္မွဴး ေနမာကို ပီအက္စ္ဂ်ီအသင္း အေရးယူမယ္

0
42
FILE PHOTO: Soccer Football - French Cup - Round of 32 - Paris St Germain v RC Strasbourg - Parc des Princes, Paris, France - January 23, 2019 Paris St Germain's Neymar during the match REUTERS/Charles Platiau/File Photo

အသင္းရဲ႕ ေလ့က်င့္ခန္း အစီစဥ္ေတြ ပ်က္ကြက္တဲ့အတြက္ တုိက္စစ္မွဴး ေနမာကို အေရးယူသြားမယ္လုိ႔  ပီအက္စ္ဂ်ီအသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေနမာဟာ အသင္းရဲ႕ ရာသီအႀကိဳျပဳလုပ္တဲ့ ေလက်င့္ခန္း အစီအစဥ္ ပထမဆံုးရက္ကို ပ်က္ကြက္ခဲ့ပါတယ္။ 

ေနမာဟာ အသင္းရဲ႕ ေလ့က်င့္ခန္း အစီစဥ္ေတြအတြက္ အခ်ိန္မီ လာေရာက္ပူးေပါင္းတာ မရွိခဲ့ေၾကာင္း၊  ေလက်င့္ခန္း ပ်က္ကြက္မႈအတြက္ အသင္းဆီက ခြင့္ျပဳခ်က္ ေတာင္းခံတာမ်ိဳးလည္း မရွိေၾကာင္း ပီအက္စ္ဂ်ီအသင္းက သတင္းထုတ္ျပန္ထားပါတယ္။ ပီအက္စ္ဂ်ီအသင္းက  ေနမာအတြက္ သင့္ေတာ္ ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈမ်ိဳး ရွိမယ္ဆုိရင္ ေနမာကို အသင္းကေန ထြက္ခြင့္ေပးမယ္လို႔ အားကစားဒါ႐ိုက္တာ လီယုိနာဒုိက ေျပာပါတယ္။ ပီအက္စ္ဂ်ီအသင္းက အသင္းမွာ ေနလုိတဲ့ ကစားသမားမ်ိဳးနဲ႔သာ အသင္းကို တည္ေဆာက္သြားလုိေၾကာင္း လီယိုနာဒိုက ေျပာပါတယ္။

လေကျင့်ခန်း ပျက်ကွက်လို့ တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်း အရေးယူမယ်

အသင်းရဲ့ လေ့ကျင့်ခန်း အစီစဉ်တွေ ပျက်ကွက်တဲ့အတွက် တိုက်စစ်မှူး နေမာကို အရေးယူသွားမယ်လို့ ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နေမာဟာ အသင်းရဲ့ ရာသီအကြိုပြုလုပ်တဲ့ လေကျင့်ခန်း အစီအစဉ် ပထမဆုံးရက်ကို ပျက်ကွက်ခဲ့ပါတယ်။

နေမာဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီစဉ်တွေအတွက် အချိန်မီ လာရောက်ပူးပေါင်းတာ မရှိခဲ့ကြောင်း၊ လေကျင့်ခန်း ပျက်ကွက်မှုအတွက် အသင်းဆီက ခွင့်ပြုချက် တောင်းခံတာမျိုးလည်း မရှိကြောင်း ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပီအက်စ်ဂျီအသင်းက နေမာအတွက် သင့်တော် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုး ရှိမယ်ဆိုရင် နေမာကို အသင်းကနေ ထွက်ခွင့်ပေးမယ်လို့ အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။ ပီအက်စ်ဂျီအသင်းက အသင်းမှာ နေလိုတဲ့ ကစားသမားမျိုးနဲ့သာ အသင်းကို တည်ဆောက်သွားလိုကြောင်း လီယိုနာဒိုက ပြောပါတယ်။