ဇနီးေဟာင္း အမ္ဘာဟတ္ကို တုန္႔ျပန္စြဲခ်က္တင္လိုက္တဲ့ ဂၽြန္နီဒက္

0
111

ေဟာလိဝုဒ္ ၾကယ္ပြင့္ မင္းသားႀကီး ဂၽြန္နီဒက္က ဇနီးေဟာင္းျဖစ္တဲ့ ႐ုပ္ရွင္မင္းသမီး အမ္ဘာဟတ္အေပၚ အသေရဖ်က္မႈနဲ႔ ျပန္ၿပီး တရားစြဲဆိုလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္ရွိ အမ္ဘာဟတ္က ခင္ပြန္းေဟာင္း ဂၽြန္နီဒက္နဲ႔ အတူေနထိုင္ခ့ဲစဥ္မွာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္တိုက္ခိုက္ခံခဲ့ရေၾကာင္း လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက တရား႐ံုးမွာ ဦးတုိက္ေလွ်ာက္ထားခဲ့ပါတယ္။ သူ႕ရဲ႕ကိုယ္ခႏၶာေပၚမွာ က်န္ရိွေနေသးတဲ့ ဒဏ္ရာအညိဳအမည္းေတြကို သက္ေသအျဖစ္ တင္ျပၿပီး ဂၽြန္နီဒက္ကို အေရးယူေပးဖို႔ အမ္ဘာဟတ္ရဲ႕ ေရွ႕ေနကလည္း ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့ မင္းသားႀကီး ဂၽြန္နီဒက္က ဇနီးေဟာင္း အမ္ဘာဟတ္ရဲ႕ ဒဏ္ရာေတြဟာ ေဆးျခယ္ၿပီး လုပ္ႀကံဖန္တီးထားတဲ့ အတုအေယာင္ေတြသာျဖစ္ေၾကာင္း ျငင္းဆန္ခဲ့သလို သူ႔အေပၚ အသေရဖ်က္မႈနဲ႔ ျပန္ၿပီး စြဲခ်က္တင္လိုက္ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ မီဒီယာေတြနဲ႔ ေတြ႕ဆံုရာမွာ ဂၽြန္နီဒက္က ဘယ္အမ်ိဳးသမီးကိုမွ ထိခိုက္နာက်ဥ္ေအာင္ မလုပ္ဖူးဘူးလို႔ ေျပာပါတယ္။

ဇနီးဟောင်း အမ်ဘာဟတ်ကို တုန့်ပြန်စွဲချက်တင်လိုက်တဲ့ ဂျွန်နီဒက်

ဟောလိဝုဒ် ကြယ်ပွင့် မင်းသားကြီး ဂျွန်နီဒက်က ဇနီးဟောင်းဖြစ်တဲ့ ရုပ်ရှင်မင်းသမီး အမ်ဘာဟတ်အပေါ် အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲဆိုလိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိ အမ်ဘာဟတ်က ခင်ပွန်းဟောင်း ဂျွန်နီဒက်နဲ့ အတူနေထိုင်ခဲ့စဉ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တိုက်ခိုက်ခံခဲ့ရကြောင်း လွန်ခဲ့တဲ့နှစ်တွေကတည်းက တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာ ကျန်ရှိနေသေးတဲ့ ဒဏ်ရာအညိုအမည်းတွေကို သက်သေအဖြစ် တင်ပြပြီး ဂျွန်နီဒက်ကို အရေးယူပေးဖို့ အမ်ဘာဟတ်ရဲ့ ရှေ့နေကလည်း တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မင်းသားကြီး ဂျွန်နီဒက်က ဇနီးဟောင်း အမ်ဘာဟတ်ရဲ့ ဒဏ်ရာတွေဟာ ဆေးခြယ်ပြီး လုပ်ကြံဖန်တီးထားတဲ့ အတုအယောင်တွေသာဖြစ်ကြောင်း ငြင်းဆန်ခဲ့သလို သူ့အပေါ် အသရေဖျက်မှုနဲ့ ပြန်ပြီး စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဂျွန်နီဒက်က ဘယ်အမျိုးသမီးကိုမှ ထိခိုက်နာကျဉ်အောင် မလုပ်ဖူးဘူးလို့ ပြောပါတယ်။