ဒုတိယကမာၻစစ္ ေနာက္ပိုင္း ႏ်ဴကလီးယားစစ္ပြဲ ျဖစ္ႏုိင္ေျခ အျမင့္မားဆံုး ေရာက္ရွိလာ

0
472

ကမာၻ႔ႏိုင္ငံႀကီးေတြၾကား ႏ်ဴကလီးယားလက္နက္ အသံုးျပဳၿပီး တိုက္ခိုက္ၾကမယ့္ စစ္ပြဲျဖစ္ႏိုင္ေျခဟာ ဒုတိယကမာၻစစ္ ေနာက္ပိုင္း အျမင့္မားဆံုးကုိ ေရာက္ရွိလာခဲ့ၿပီလုိ႔ ကုလသမဂၢ တာဝန္ရိွသူတစ္ဦးက သတိေပးလိုက္ပါတယ္။

ကုလသမဂၢရဲ႕ စစ္လက္နက္ျဖဳတ္သိမ္းေရး သုေတသနအဖြဲ႕(UNIDIR) ဒါ႐ိုက္တာျဖစ္သူ ရီနာတာေဒါင္းက လက္ရွိ ႏ်ဴလက္နက္ ပိုင္ဆုိင္ထားတဲ့ ႏုိင္ငံႀကီးေတြအားလံုးဟာ သူတို႔ရဲ႕ လက္နက္ကို ေခတ္မီဆန္းသစ္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားေနၾကေၾကာင္း၊ ႏ်ဴလက္နက္ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းစည္းကမ္းေတြဟာလည္း တ႐ုတ္-အေမရိကန္ အားၿပိဳင္မႈေၾကာင့္ တစ္စိတ္တပိုင္း ေျပာင္းလဲသြားခဲ့ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

သူက ႏ်ဴကလီးယားလက္နက္ေတြ အသံုးျပဳမယ့္ စစ္ပြဲမ်ိဳး ေပၚေပါက္လာဖို႔ ျဖစ္ႏုိင္ေျခ အျမင့္ဆံုး ေရာက္ေနေၾကာင္း၊ ဒုတိယကမာၻစစ္ ေနာက္ပိုင္းမွာ စိုးရိမ္စရာ အေကာင္းဆံုး အေျခအေနျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ အမြင့်မားဆုံး ရောက်ရှိလာ

ကမ္ဘာ့နိုင်ငံကြီးတွေကြား နျူကလီးယားလက်နက် အသုံးပြုပြီး တိုက်ခိုက်ကြမယ့် စစ်ပွဲဖြစ်နိုင်ခြေဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမြင့်မားဆုံးကို ရောက်ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ စစ်လက်နက်ဖြုတ်သိမ်းရေး သုတေသနအဖွဲ့(UNIDIR) ဒါရိုက်တာဖြစ်သူ ရီနာတာဒေါင်းက လက်ရှိ နျူလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေအားလုံးဟာ သူတို့ရဲ့ လက်နက်ကို ခေတ်မီဆန်းသစ်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြကြောင်း၊ နျူလက်နက် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေဟာလည်း တရုတ်-အမေရိကန် အားပြိုင်မှုကြောင့် တစ်စိတ်တပိုင်း ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

သူက နျူကလီးယားလက်နက်တွေ အသုံးပြုမယ့် စစ်ပွဲမျိုး ပေါ်ပေါက်လာဖို့ ဖြစ်နိုင်ခြေ အမြင့်ဆုံး ရောက်နေကြောင်း၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။