ခ်ဲလ္ဆီးမွာ တာဝန္ျပန္ထမ္းေဆာင္မယ့္ သတင္းကို ဂိုးသမား ပီတာခ်က္ ျငင္းဆန္

0
76


ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲ ၿပီးဆံုးခ်ိန္မွာ ကစားသမားဘဝက အနားယူၿပီး အသင္းေဟာင္း ခ်ဲလ္ဆီးကို သြားေရာက္ တာဝန္ထမ္းေဆာင္မယ္ဆိုတဲ့ သတင္းေတြကို အာဆင္နယ္ ဂိုးသမား ပီတာခ်က္က ျငင္းဆိုလိုက္ပါတယ္။

အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဂိုးသမား ပီတာခ်က္ဟာ ၂၀၁၅ ခုႏွစ္က ခ်ဲလ္ဆီးကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ခဲ့ၿပီး FA ဖလားတစ္ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ႏွစ္ႀကိမ္ဆြတ္ခူးရရိွထားသူ ျဖစ္ပါတယ္။ သူဟာ ယခုလ ၂၉ ရက္ေန႔မွာေတာ့ ယူ႐ိုပါလိဂ္ဗုိလ္လုပြဲအျဖစ္ အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ရင္ဆုိင္ကစားရေတာ့မွာပါ။

ဒါ့ေၾကာင့္ ပီတာခ်က္က “အာဆင္နယ္နဲ႔ ေနာက္ဆုံးပြဲစဥ္ၿပီးမွသာ ကၽြန္ေတာ့္ရဲ႕အနာဂတ္ကို ဆံုးျဖတ္သြားမွာပါ၊ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ဗုိလ္လုပြဲအတြက္ အဓိက အာ႐ံုစိုက္ထားပါတယ္’’ လို႔ ေျပာၾကားခဲ့ပါတယ္။ ပီတာခ်က္ဟာ အသင္းေဟာင္း ခ်ဲလ္ဆီးရဲ႕ ဧည့္ႀကဳိဌာနမွာ သြားေရာက္ တာဝန္ထမ္းေဆာင္မယ္လုိ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

ချဲလ်ဆီးမှာ တာဝန်ပြန်ထမ်းဆောင်မယ့် သတင်းကို ဂိုးသမား ပီတာချက် ငြင်းဆန်

ယူရိုပါလိဂ် ဗိုလ်လုပွဲ ပြီးဆုံးချိန်မှာ ကစားသမားဘဝက အနားယူပြီး အသင်းဟောင်း ချဲလ်ဆီးကို သွားရောက် တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ သတင်းတွေကို အာဆင်နယ် ဂိုးသမား ပီတာချက်က ငြင်းဆိုလိုက်ပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမား ပီတာချက်ဟာ ၂၀၁၅ ခုနှစ်က ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး FA ဖလားတစ်ကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ်ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။ သူဟာ ယခုလ ၂၉ ရက်နေ့မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အသင်းဟောင်း ချဲလ်ဆီးနဲ့ ရင်ဆိုင်ကစားရတော့မှာပါ။

ဒါ့ကြောင့် ပီတာချက်က “အာဆင်နယ်နဲ့ နောက်ဆုံးပွဲစဉ်ပြီးမှသာ ကျွန်တော့်ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာပါ၊ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးနဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အဓိက အာရုံစိုက်ထားပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။ ပီတာချက်ဟာ အသင်းဟောင်း ချဲလ်ဆီးရဲ့ ဧည့်ကြိုဌာနမှာ သွားရောက် တာဝန်ထမ်းဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။