ထရမ့္ တာဝါကို ေဖာက္ခြဲမယ္လို႔ ေျပာတဲ့လူငယ္ အဖမ္းခံရ

0
284
The Trump World Tower is pictured in the Manhattan borough of New York, New York, U.S., May 1, 2019. REUTERS/Carlo Allegri

ထရမ့္ တာဝါနဲ႔ နယူးေယာက္ၿမိဳ႕ရွိ အစၥေရး ေကာင္စစ္ဝန္႐ံုးကို ေဖာက္ခြဲပစ္မယ္လို႔ ၿခိမ္းေျခာက္တဲ့ လူငယ္ကို နယူးဂ်ာစီျပည္နယ္မွာ ဖမ္းဆီးလိုက္ပါတယ္။

ဟားမတ္စ္ စစ္ေသြးၾကြေတြကို စာနာေထာက္ခံသူ ဂ်ိဳနသန္ ဇီ (၂၀ ႏွစ္) ရဲ႕ ၿခိမ္းေျခာက္ေရးသားတဲ့ စာေတြကို လူမႈကြန္ရက္ မီဒီယာေတြမွာ စံုစမ္းစစ္ေဆးသူေတြက ေတြ႔ရွိခဲ့ၾကပါတယ္။ ဇီဟာ ေထာင္ အႏွစ္ ၂၀ နဲ႔ အထက္ က်ႏိုင္တဲ့ စြဲခ်က္ႏွစ္ခုနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔နဲ႔ ပိုၿပီး ဆက္စပ္လာတဲ့ အေမရိကန္ေတြကို သတိထားေနေၾကာင္း၊ သူတို႔ဟာ အၾကမ္းဖက္ အဖြဲ႔ကို ကူညီဖို႔ ဆႏၵရွိေနၾကေၾကာင္း အေမရိကန္ ေရွ႕ေန ကရိတ္ ကာဖင္နီတိုက ေျပာပါတယ္။

ထရမ့် တာဝါကို ဖောက်ခွဲမယ်လို့ ပြောတဲ့လူငယ် အဖမ်းခံရ

ထရမ့် တာဝါနဲ့ နယူးယောက်မြို့ရှိ အစ္စရေး ကောင်စစ်ဝန်ရုံးကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်တဲ့ လူငယ်ကို နယူးဂျာစီပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေကို စာနာထောက်ခံသူ ဂျိုနသန် ဇီ (၂၀ နှစ်) ရဲ့ ခြိမ်းခြောက်ရေးသားတဲ့ စာတွေကို လူမှုကွန်ရက် မီဒီယာတွေမှာ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ကြပါတယ်။ ဇီဟာ ထောင် အနှစ် ၂၀ နဲ့ အထက် ကျနိုင်တဲ့ စွဲချက်နှစ်ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့နဲ့ ပိုပြီး ဆက်စပ်လာတဲ့ အမေရိကန်တွေကို သတိထားနေကြောင်း၊ သူတို့ဟာ အကြမ်းဖက် အဖွဲ့ကို ကူညီဖို့ ဆန္ဒရှိနေကြကြောင်း အမေရိကန် ရှေ့နေ ကရိတ် ကာဖင်နီတိုက ပြောပါတယ်။