
0
87




နော်ဝေက မြောက်ကိုရီးယားကို ဒေါ်လာ ၄ သိန်းကျော် လှူဒါန်း

ဆင်းရဲနွမ်းပါးတဲ့ မြောက်ကိုရီးယားမှာ ကျန်းမာရေး အခြေအနေတွေ ပိုမို တိုးတက်အောင်လုပ်ဖို့ နော်ဝေနိုင်ငံက အမေရိကန် ဒေါ်လာ ၄၃၂၇၂၆ ဒေါ်လာ လှူဒါန်းထောက်ပံ့ခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) ရဲ့ သတင်းထုတ်ပြန်ချက်အရ နော်ဝေက နော်ဝေ ကြက်ခြေနီ အဖွဲ့ကနေတစ်ဆင့် ကျန်းမာရေး စီမံကိန်းအတွက် မြောက်ကိုရီးယားကို လှူဒါန်း ထောက်ပံ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ရာသီဥတု မကောင်းမှုတို့ကြောင့် မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရပါတယ်။ မြောက်ကိုရီးယား လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၀ သန်းခန့်ဟာ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေပါတယ်။