
0
290





IS အကြမ်းဖက် အဖွဲ့ဝင်တွေကို အင်ဒိုနီးရှား ဖမ်းဆီး

အီရတ်နဲ့ ဆီးရီးယားက အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတစ်လအတွင်းမှာ ဖမ်းမိတဲ့ အကြမ်းဖက်သမား ၂၉ ဦးရှိပြီး အရှေ့တောင် အာရှတစ်ခွင်မှာ စုစုပေါင်း အကြမ်းဖက်သမား ၆၀ ဖမ်းမိတယ်လို့ ရဲတွေက ပြောပါတယ်။

ဖမ်းဆီးစဉ် ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်လို့ သေဆုံးတဲ့ အကြမ်းဖက်သမား ရှစ်ဦးရှိကြောင်း၊ ပြီးခဲ့တဲ့ မတ်လမှာ ကလေးနဲ့ တကွ အကြမ်းဖက်သမား ဇနီးက ကိုယ့်ကိုယ်ကို ဗုံးဖောက်ခွဲ သတ်သေခဲ့မှုလည်း ပါဝင်ပါတယ်။