လံုၿခံဳေရး စိုးရိမ္လို႔ ပါကစၥတန္ရွိ နယ္သာလန္ သံ႐ံုးကို ပိတ္

0
803

ပါကစၥတန္ႏိုင္ငံ၊ အစၥလာမာဘတ္ၿမိဳ႕ရွိ နယ္သာလန္ သံ႐ံုးကို လံုၿခံဳေရး အေျခအေနေၾကာင့္ ပိတ္ထားလိုက္ပါတယ္။

ဗီဇာအတြက္ အင္တာဗ်ဴး ေျဖဖို႔ ေစာင့္ေနသူေတြလည္း ေနာက္ထပ္ မေၾကညာခင္အထိ ေစာင့္ဆိုင္းရမွာ ျဖစ္ပါတယ္။ သံ႐ံုးကို ယာယီပိတ္တာဆိုေပမယ့္ ဘယ္အခ်ိန္ ျပန္ဖြင့္မယ္ဆိုတာ မသိပါဘူး။ ပါကစၥတန္ ဗဟိုတရား႐ံုးက အစၥလာမ္ဘာသာကို ေစာ္ကားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ေသဒဏ္ေပးထားတဲ့ ခရစ္ယာန္ ဘာသာဝင္ အမ်ိဳးသမီး ေအးရွား ဘီဘီကို လႊတ္ေပးလိုက္ၿပီးေနာက္ လံုၿခံဳေရးအရ စိတ္မခ်ရတဲ့အတြက္ သံ႐ံုးကို ပိတ္တာလို႔ ေဒသခံ သတင္းေတြက ေဖာ္ျပပါတယ္။

ပါကစၥတန္ ႏိုင္ငံတဝန္း ဆႏၵျပမႈေတြ ျဖစ္ၿပီးေနာက္ အစိုးရက ဘီဘီကို ႏိုင္ငံက ထြက္ခြာခြင့္ ပိတ္တဲ့စာရင္းထဲ ထည့္ထားေၾကာင္း ဆႏၵျပသူေတြကို ကတိေပးခဲ့ပါတယ္။ ဘီဘီဟာ ေထာင္ထဲမွာ ၈ ႏွစ္ၾကာ ေနခဲ့ရၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေး စိုးရိမ်လို့ ပါကစ္စတန်ရှိ နယ်သာလန် သံရုံးကို ပိတ်

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ နယ်သာလန် သံရုံးကို လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားလိုက်ပါတယ်။

ဗီဇာအတွက် အင်တာဗျူး ဖြေဖို့ စောင့်နေသူတွေလည်း နောက်ထပ် မကြေညာခင်အထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ သံရုံးကို ယာယီပိတ်တာဆိုပေမယ့် ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာ မသိပါဘူး။ ပါကစ္စတန် ဗဟိုတရားရုံးက အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးထားတဲ့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီး အေးရှား ဘီဘီကို လွှတ်ပေးလိုက်ပြီးနောက် လုံခြုံရေးအရ စိတ်မချရတဲ့အတွက် သံရုံးကို ပိတ်တာလို့ ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ပါကစ္စတန် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက် အစိုးရက ဘီဘီကို နိုင်ငံက ထွက်ခွာခွင့် ပိတ်တဲ့စာရင်းထဲ ထည့်ထားကြောင်း ဆန္ဒပြသူတွေကို ကတိပေးခဲ့ပါတယ်။ ဘီဘီဟာ ထောင်ထဲမှာ ၈ နှစ်ကြာ နေခဲ့ရပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)