
0
922




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့ကုမ္ပဏီကြီးတွေ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ကုလ ဖော်ပြ

ကုလသမဂ္ဂက ကုမ္ပဏီကြီးပေါင်း ၁၀ဝ ကို လေ့လာစစ်ဆေးချက်အရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကုမ္ပဏီကြီးတွေဟာ ကလေးလုပ်သား ခိုင်းစေတာ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာ ရှိနေပြီး ကုမ္ပဏီကြီးတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင် လုပ်ဆောင်ဖို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပွင့်လင်းမြင်သာမှု၊ အဓမ္မခိုင်းစေမှု၊ လုပ်ခလစာ စတာတွေနဲ့ တိုင်းတာတဲ့အခါ အားကစား အဝတ်အထည် ထုတ်လုပ်တဲ့ Adidas က ရမှတ် ၁၀ဝ ပေးရာမှာ ၈၇ မှတ် ရရှိပါတယ်။ Adidas နောက်မှာ သတ္တုလုပ်ကုမ္ပဏီတွေ ဖြစ်တဲ့ Rio Tinto နဲ့ BHP Biliton တို့ ရှိပါတယ်။ တရုတ်ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ ယမကာထုတ်လုပ်တဲ့ Kweichow နဲ့ ဖက်ရှင် ကုမ္ပဏီ Heilan Home တို့က အမှတ်ပေးဇယား နောက်ဆုံးမှာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)