
0
1527




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုပ်ကြံဖို့ အိမ်ဖြူတော်က ညွှန်ကြားတာလို့ ဗင်နီဇွဲလား သမ္မတ စွပ်စွဲ

သူ့ကို လုပ်ကြံဖို့ အမေရိကန်အစိုးရက ကိုလံဘီယာကို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက စွပ်စွဲလိုက်ပါတယ်။

လက်ဝါးကြီးအုပ်တာ၊ အရင်းရှင်ဝါဒ သွတ်သွင်းတာ၊ တိုင်းပြည်ရဲ့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်အောင်လုပ်တာ မှန်သမျှ အလုပ်သမား လူတန်းစားက လမ်းပေါ်ထွက် တိုက်ပွဲဝင်ရမယ်လို့ သမ္မတ မာဒူရိုက ပြောပါတယ်။ အလုပ်သမား လူတန်းစား ကွန်ဂရက် ပိတ်ပွဲမှာ သမ္မတ မာဒူရိုက သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းမှုဟာ အိမ်ဖြူတော်က ညွှန်ကြားတာဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မာဒူရိုဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ဒရုန်းတွေကို အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်တဲ့ လုပ်ကြံဖို့ ကြိုးစားမှုကနေ လွတ်မြောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)