ႏြားကို လိင္ဆက္ဆံမိလို႔ အင္ဒိုနီးရွား ဆယ္ေက်ာ္သက္ လက္ထပ္ယူရ

0
262

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကြ်န္းက ဆယ္ေက်ာ္သက္တစ္ဦးဟာ လယ္ကြင္းထဲမွာ ႏြားမနဲ႔ လိင္ဆက္ဆံေနတာကို ရြာသားေတြက ေတြ႔ရွိခဲ့လို႔ ရြာဓေလ့အရ ႏြားမကို လက္ထပ္ခဲ့ရပါတယ္။

ငူရာ အာလစ္ (၁၈ ႏွစ္)ဟာ ရြာရဲ႕ ဓေလ့ထံုးစံအရ ရြာသန္႔ေစဖို႔ ႏြားမနဲ႔ လက္ထပ္ပြဲ က်င္းပခဲ့ရၿပီး မဂၤလာပြဲအတြင္း အာလစ္ဟာ မူးေမ့လဲက်ခဲ့ပါတယ္။ လက္ထပ္ပြဲ ၿပီးၿပီးခ်င္းပဲ အာလစ္ဟာ မုဆိုးဖို ျဖစ္သြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေပကာ႐ူယန္တို႔ရဲ႕ ဓေလ့ထံုးစံအရ ရြာသန္႔ေအာင္ ႏြားမကို ပင္လယ္ထဲ ပစ္ခ်လိုက္လို႔ ျဖစ္ပါတယ္။

ဆက္လက္ၿပီး ဓေလ့ထံုးစံအရ အာလစ္ ေရခ်ိဳးသန္႔စင္တာ၊ သူ႔အဝတ္အစားေတြကို ဖ်က္ဆီးတာေတြ ဆက္လုပ္ခဲ့ရပါတယ္။ ဓေလ့ထံုးစံအရ အဲဒါေတြ အကုန္လုပ္ၿပီးတဲ့အခါ ေက်းရြာ အႀကီးအကဲ အီဒါ ဘာဂတ္ လီဂါဝါက ညစ္ညဴးမႈေတြက လြတ္ေျမာက္ၿပီျဖစ္လို႔ ေက်းရြာ သန္႔စင္သြားၿပီလို႔ ေၾကညာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နွားကို လိင်ဆက်ဆံမိလို့ အင်ဒိုနီးရှား ဆယ်ကျော်သက် လက်ထပ်ယူရ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက ဆယ်ကျော်သက်တစ်ဦးဟာ လယ်ကွင်းထဲမှာ နွားမနဲ့ လိင်ဆက်ဆံနေတာကို ရွာသားတွေက တွေ့ရှိခဲ့လို့ ရွာဓလေ့အရ နွားမကို လက်ထပ်ခဲ့ရပါတယ်။

ငူရာ အာလစ် (၁၈ နှစ်)ဟာ ရွာရဲ့ ဓလေ့ထုံးစံအရ ရွာသန့်စေဖို့ နွားမနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့ရပြီး မင်္ဂလာပွဲအတွင်း အာလစ်ဟာ မူးမေ့လဲကျခဲ့ပါတယ်။ လက်ထပ်ပွဲ ပြီးပြီးချင်းပဲ အာလစ်ဟာ မုဆိုးဖို ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေကာရူယန်တို့ရဲ့ ဓလေ့ထုံးစံအရ ရွာသန့်အောင် နွားမကို ပင်လယ်ထဲ ပစ်ချလိုက်လို့ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဓလေ့ထုံးစံအရ အာလစ် ရေချိုးသန့်စင်တာ၊ သူ့အဝတ်အစားတွေကို ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့ရပါတယ်။ ဓလေ့ထုံးစံအရ အဲဒါတွေ အကုန်လုပ်ပြီးတဲ့အခါ ကျေးရွာ အကြီးအကဲ အီဒါ ဘာဂတ် လီဂါဝါက ညစ်ညူးမှုတွေက လွတ်မြောက်ပြီဖြစ်လို့ ကျေးရွာ သန့်စင်သွားပြီလို့ ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)