အာဖရိက အသက္အငယ္ဆံုး ဘီလ်ံနာ ျပန္ေပးဆြဲခံရ

0
189

အာဖရိကတိုက္မွာ အသက္အငယ္ဆံုး ဘီလ်ံနာလို႔ သတ္မွတ္ခံရတဲ့ မိုဟာမက္ဒူဂ်ီ (၄၃ ႏွစ္)ဟာ တန္ဇန္းနီးယားႏိုင္ငံမွာ ျပန္ေပးဆြဲခံလိုက္ရပါတယ္။

တန္ဇန္းနီးယားႏိုင္ငံ အြိဳင္းစတားေဘရွိ ဒါရက္စလမ္ၿမိဳ႕ ဟိုတယ္တစ္ခုမွာ အားကစား ေလ့က်င့္ၿပီးေနာက္ အျပင္ဘက္မွာ မ်က္ႏွာဖံုးတပ္ထားတဲ့ ေသနတ္သမားသံုးဦးက ျပန္ေပးဆြဲခဲ့တာ ျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။ ျပန္ေပးဆြဲမႈနဲ႔ ပတ္သက္လို႔ သံသယရွိသူ သံုးဦးကို ဖမ္းဆီးထားၿပီး ျပန္ေပးဆြဲသူေတြထဲမွာ ႏွစ္ဦးဟာ ႏိုင္ငံျခားသား လူျဖဴႏွစ္ဦး ျဖစ္တယ္လို႔ တန္ဇန္းနီးယား ရဲက ယူဆထားပါတယ္။

ျပန္ေပးဆြဲသူေတြက ဘီလ်ံနာဒူဂ်ီကို ကားေပၚတင္ၿပီး ေမာင္းမေျပးခင္ မိုးေပၚေထာင္ၿပီး ေသနတ္ေဖာက္ခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ ဒူဂ်ီဟာ အားကစားလုိက္စားသူျဖစ္ၿပီး သက္ေတာ္ေစာင့္လည္း ခန္႔မထားဘဲ အားကစားခန္းမကို ကိုယ္တိုင္ ကားေမာင္းလာတတ္သူ ျဖစ္ပါတယ္။ ေဖာဘ္မဂၢဇင္းက ဒူဂ်ီဟာ အေမရိကန္ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ ခ်မ္းသာတယ္လို႔ ေဖာ္ျပၿပီး ၂၀၁၇ ခုႏွစ္ အစီရင္ခံစာတစ္ခုကေတာ့ အာဖရိကမွာ အခ်မ္းသားဆံုး ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖရိက အသက်အငယ်ဆုံး ဘီလျံနာ ပြန်ပေးဆွဲခံရ

အာဖရိကတိုက်မှာ အသက်အငယ်ဆုံး ဘီလျံနာလို့ သတ်မှတ်ခံရတဲ့ မိုဟာမက်ဒူဂျီ (၄၃ နှစ်)ဟာ တန်ဇန်းနီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။

တန်ဇန်းနီးယားနိုင်ငံ အွိုင်းစတားဘေရှိ ဒါရက်စလမ်မြို့ ဟိုတယ်တစ်ခုမှာ အားကစား လေ့ကျင့်ပြီးနောက် အပြင်ဘက်မှာ မျက်နှာဖုံးတပ်ထားတဲ့ သေနတ်သမားသုံးဦးက ပြန်ပေးဆွဲခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ပြန်ပေးဆွဲမှုနဲ့ ပတ်သက်လို့ သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီး ပြန်ပေးဆွဲသူတွေထဲမှာ နှစ်ဦးဟာ နိုင်ငံခြားသား လူဖြူနှစ်ဦး ဖြစ်တယ်လို့ တန်ဇန်းနီးယား ရဲက ယူဆထားပါတယ်။

ပြန်ပေးဆွဲသူတွေက ဘီလျံနာဒူဂျီကို ကားပေါ်တင်ပြီး မောင်းမပြေးခင် မိုးပေါ်ထောင်ပြီး သေနတ်ဖောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒူဂျီဟာ အားကစားလိုက်စားသူဖြစ်ပြီး သက်တော်စောင့်လည်း ခန့်မထားဘဲ အားကစားခန်းမကို ကိုယ်တိုင် ကားမောင်းလာတတ်သူ ဖြစ်ပါတယ်။ ဖောဘ်မဂ္ဂဇင်းက ဒူဂျီဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ချမ်းသာတယ်လို့ ဖော်ပြပြီး ၂၀၁၇ ခုနှစ် အစီရင်ခံစာတစ်ခုကတော့ အာဖရိကမှာ အချမ်းသားဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)