ေဘာ့စနီးယား ဗုိလ္ခ်ဳပ္ႀကီးေဟာင္းကို စစ္ရာဇဝတ္မႈေတြနဲ႔ တရားစြဲ

0
179

အမွတ္ (၅) ေဘာ့စနီးယား တပ္ရင္းရဲ႕ တပ္မႉး ဗိုလ္ခ်ဳပ္ႀကီးေဟာင္း အာတစ္ဖ္ ဒူဒါကိုဗစ္ (၆၅ ႏွစ္)နဲ႔ သူ႔လက္ေအာက္က အရာရွိ ၁၆ ဦးတို႔ကို စစ္ပြဲကာလအတြင္း လူ ၃၀၀ ေက်ာ္ကို သတ္ျဖတ္မႈ၊ ဆာ့ဘ္ ေအာ္သိုေဒါက္ ဘုရားေက်ာင္းေတြကို ဖ်က္စီးမႈတို႔ေၾကာင့္ စစ္ရာဇဝတ္မႈေတြနဲ႔ တရားစြဲဆိုလိုက္ပါတယ္။

ေဘာ့စနီးယား အေနာက္ပိုင္းမွာ ၁၉၉၂-၁၉၉၅ ခုႏွစ္ စစ္ပြဲကာလအတြင္း အရပ္သားနဲ႔ စစ္သံုးပန္း ၃၀၀ ေက်ာ္ကို သတ္ျဖတ္မႈ၊ ဆာ့ဘ္ ေအာ္သိုေဒါက္ ဘုရားေက်ာင္းနဲ႔ ဘာသာေရး အေဆာက္အအံု ၃၈ ခုတို႔ကို ဖ်က္ဆီးမႈနဲ႔ တရားစြဲဆိုတာ ျဖစ္ပါတယ္။

သူတို႔ကို ဘိုဆန္စကီ ပက္ထ႐ိုဗက္၊ ကယ္လ္ဂ်က္၊ ဘိုဘတ္စကာ က႐ူပါနဲ႔ စန္စကီ မို႔စ္ ေဒသေတြမွာ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ ဘီဟက္နဲ႔ ကာဇင္ေဒသေတြမွာ အရပ္သားေတြအေပၚ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈေတြနဲ႔ ေဘာ့စနီးယားႏိုင္ငံ တရား႐ံုးက စြဲဆိုလိုက္တာ ျဖစ္ၿပီး ဒူဒါကိုဗစ္ကေတာ့ စြဲခ်က္အားလံုးကို ျငင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘော့စနီးယား ဗိုလ်ချုပ်ကြီးဟောင်းကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲ

အမှတ် (၅) ဘော့စနီးယား တပ်ရင်းရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီးဟောင်း အာတစ်ဖ် ဒူဒါကိုဗစ် (၆၅ နှစ်)နဲ့ သူ့လက်အောက်က အရာရှိ ၁၆ ဦးတို့ကို စစ်ပွဲကာလအတွင်း လူ ၃၀ဝ ကျော်ကို သတ်ဖြတ်မှု၊ ဆာ့ဘ် အော်သိုဒေါက် ဘုရားကျောင်းတွေကို ဖျက်စီးမှုတို့ကြောင့် စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဘော့စနီးယား အနောက်ပိုင်းမှာ ၁၉၉၂-၁၉၉၅ ခုနှစ် စစ်ပွဲကာလအတွင်း အရပ်သားနဲ့ စစ်သုံးပန်း ၃၀ဝ ကျော်ကို သတ်ဖြတ်မှု၊ ဆာ့ဘ် အော်သိုဒေါက် ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ ၃၈ ခုတို့ကို ဖျက်ဆီးမှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။

သူတို့ကို ဘိုဆန်စကီ ပက်ထရိုဗက်၊ ကယ်လ်ဂျက်၊ ဘိုဘတ်စကာ ကရူပါနဲ့ စန်စကီ မို့စ် ဒေသတွေမှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဘီဟက်နဲ့ ကာဇင်ဒေသတွေမှာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ဘော့စနီးယားနိုင်ငံ တရားရုံးက စွဲဆိုလိုက်တာ ဖြစ်ပြီး ဒူဒါကိုဗစ်ကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)