ယူဂန္ဒါ ေျမၿပိဳမႈ လူ ၃၁ ဦး ေသဆံုး

0
160

ယူဂန္ဒါႏိုင္ငံ အေရွ႕ပိုင္းရွိ အယ္လ္ဂြန္ေတာင္ ေျမၿပိဳတာေၾကာင့္ လူအနည္းဆံုး ၃၁ ဦး ေသဆံုးၿပီး အိမ္ေတြၿပိဳကာ တိရစာၦန္ေတြလည္း ေျမႀကီးေအာက္ ေရာက္ကုန္တယ္လို႔ ယူဂန္ဒါ အစိုးရက ေျပာပါတယ္။

သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရးနဲ႔ စီမံေရး မင္းႀကီး မာတင္အိုဝါက မေန႔က ေအာက္တိုဘာ ၁၁ ရက္ေန႔ ေန႔လည္မွာ ေတာင္ေစာင္းရွိ ၿမိဳ႕ေလးေပၚကို ေျမသားေတြ ၿပိဳက်ခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ေျမၿပိဳတဲ့ေနရာဟာ ကင္ညာႏိုင္ငံနယ္စပ္နဲ႔ နီးၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြကလည္း ေျမၿပိဳမႈေတြ မၾကာခဏ ျဖစ္ပြားခဲ့တဲ့ ဧရိယာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယူဂန်ဒါ မြေပြိုမှု လူ ၃၁ ဦး သေဆုံး

ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ အယ်လ်ဂွန်တောင် မြေပြိုတာကြောင့် လူအနည်းဆုံး ၃၁ ဦး သေဆုံးပြီး အိမ်တွေပြိုကာ တိရစ္ဆာန်တွေလည်း မြေကြီးအောက် ရောက်ကုန်တယ်လို့ ယူဂန်ဒါ အစိုးရက ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ စီမံရေး မင်းကြီး မာတင်အိုဝါက မနေ့က အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်မှာ တောင်စောင်းရှိ မြို့လေးပေါ်ကို မြေသားတွေ ပြိုကျခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြေပြိုတဲ့နေရာဟာ ကင်ညာနိုင်ငံနယ်စပ်နဲ့ နီးပြီး ပြီးခဲ့တဲ့ နှစ်တွေကလည်း မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ ဧရိယာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)