
0
428



ကော်တင်ဟို ကိုယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွေှ့ဖို့ လိုလားနေခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လီဗာပူအသင်းက ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြပါတယ်။

……..။ ။……..

ကော်တင်ဟိုကို ပေါင် ၁၂၀ သန်းအထိ တိုးပေးပြီး ဘာစီလိုနာ ကမ်းလှမ်းမယ်

ဘာစီလိုနာအသင်းက လီဗာပူအသင်း ကွင်းလယ်လူ ကော်တင်ဟိုကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ပြောင်းရွှေ့ကြေး ပေါင် ၁၂၀ သန်းအထိ ပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာဟာ ကော်တင်ဟိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလအတွင်း သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဘာစီလိုနာက ကော်တင်ဟိုကို နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု မှာ ပေါင် ၁၁၄ သန်း ပေးကာကမ်းလှမ်းခဲ့ပါတယ်။

ကော်တင်ဟို ကိုယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ လိုလားနေခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လီဗာပူအသင်းက ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)