
0
437




…….။ ။…….

White Widow လို လူသိများတဲ့ ဗြိတိန်သူ IS အကြမ်းဖက်သမား သေဆုံး

လူဖြူမုဆိုးမ (White Widow) လို့ သိကြတဲ့ ဗြိတိန်နိုင်ငံသူ အလိုအရှိဆုံး ဂျီဟတ်အကြမ်းဖက်သမား ရှီရာဖီယာ လုသ်ဝိတ်ဟာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင် သေဆုံးသွားပြီ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ သူ့ရဲ့သားနဲ့အတူ ဆီးရီးယားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး IS အကြမ်းဖက် အဖွဲ့ဝင် ဖြစ်လာပါတယ်။ သူဟာ IS အကြမ်းဖက်သမား မဖြစ်ခင် တစ်ချိန်တုန်းက ပန့်ခ်ရော်ကာ ဆယ်လီ ဂျုံးစ် အဖြစ် လူသိများခဲ့ပါတယ်။

သူကို လွန်ခဲ့တဲ့ ၄ လကတည်းက အီရန်နဲ့ ဆီးရီးယားနယ်စပ်အနီးမှာ အမေရိကန်တပ်ဖွဲ့က မောင်းသူမဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို လူသစ်စုဆောင်းပေးနေတဲ့ လုသ်ဝိတ်ကို ဗြိတိန်ကလည်း အလိုအရှိဆုံးသူအဖြစ် ကြေညာထားပြီး သူ့ကို သတ်နိုင်ပြီးနောက် ၄ လ ကြာမှ အမေရိကန်က ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)