ျပင္းထန္တဲ့ ဖေလာရင့္ ဟာရီကိန္းမုန္တိုင္း ကာ႐ိုလိုင္းနားကမ္းေျခကို ခ်ဥ္းကပ္လာ

0
270

အင္အားျပင္းထန္တဲ့ ဖေလာရင့္ ဟာရီကိန္းမုန္တိုင္းဟာ အေမရိကန္၊ ကာ႐ိုလိုင္းနား ကမ္းေျခကို ခ်ဥ္းကပ္လာေနၿပီး ေလျပင္းတိုက္ခတ္မႈေတြ စတင္ခံစားေနရၿပီ ျဖစ္ပါတယ္။

လူတခ်ိဳ႕ကေန မုန္တိုင္းသတိေပးခ်က္ ရွိေပမယ့္ စြန္႔ခြာမသြားဘဲ ဆက္လက္ ေနထိုင္ဖို႔ စီစဥ္ေနၿပီး အေရွ႕ဘက္ ကမ္းေျခက လူ ၅ ဒသမ ၄ သန္း ေနထိုင္တဲ့ေနရာကို သတိေပးဖို႔ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ၾကမွာ ျဖစ္ပါတယ္။

လူနဲ႔ ပစၥည္းေတြ အျပည့္တင္ေဆာင္ထားတဲ့ ကားေတြဟာ စက္တင္ဘာ ၁၁ ရက္ေန႔က ကုန္းတြင္းပိုင္းကို ေျပာင္းေရႊ႕ခဲ့ၾကပါတယ္။ ေျမာက္ကာ႐ိုလိုင္းနား ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ႐ြိဳင္ကူးပါးက ျပည္သူေတြအားလံုး မျဖစ္မေန ထြက္ခြာ ေရႊ႕ေျပာင္းၾကဖို႔ နားဝင္ေအာင္ ေျပာဆိုေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်းထန်တဲ့ ဖလောရင့် ဟာရီကိန်းမုန်တိုင်း ကာရိုလိုင်းနားကမ်းခြေကို ချဉ်းကပ်လာ

အင်အားပြင်းထန်တဲ့ ဖလောရင့် ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်၊ ကာရိုလိုင်းနား ကမ်းခြေကို ချဉ်းကပ်လာနေပြီး လေပြင်းတိုက်ခတ်မှုတွေ စတင်ခံစားနေရပြီ ဖြစ်ပါတယ်။

လူတချို့ကနေ မုန်တိုင်းသတိပေးချက် ရှိပေမယ့် စွန့်ခွာမသွားဘဲ ဆက်လက် နေထိုင်ဖို့ စီစဉ်နေပြီး အရှေ့ဘက် ကမ်းခြေက လူ ၅ ဒသမ ၄ သန်း နေထိုင်တဲ့နေရာကို သတိပေးဖို့ စောင့်ကြည့်မှုတွေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

လူနဲ့ ပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ ကားတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့က ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ မြောက်ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူး ရွိုင်ကူးပါးက ပြည်သူတွေအားလုံး မဖြစ်မနေ ထွက်ခွာ ရွှေ့ပြောင်းကြဖို့ နားဝင်အောင် ပြောဆိုနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)