
0
217

ရုရှားနိုင်ငံနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး ကောင်းမွန်မှုမရှိလို့ တရုတ်နဲ့ ရုရှားတို့ဟာ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုချိန်မှာ အမေရိကန်ဒေါ်လာကို လျှော့သုံးပြီးတော့ ပြည်တွင်းငွေကြေးကို တိုးမြှင့်သုံးစွဲသွားမယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ဒေါ်လာအစား ပြည်တွင်း ငွေကြေးကို အဓိက ထားသုံးစွဲမယ်

ရုရှားနိုင်ငံနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး ကောင်းမွန်မှုမရှိလို့ တရုတ်နဲ့ ရုရှားတို့ဟာ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုချိန်မှာ အမေရိကန်ဒေါ်လာကို လျှော့သုံးပြီးတော့ ပြည်တွင်း ငွေကြေးကို တိုးမြှင့်သုံးစွဲသွားမယ်လို့ ရုရှား သမ္မတပူတင်ကေ ပြောပါတယ်။

ရုရှား သမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ရုရှားနိုင်ငံအရှေ့ပိုင်း စီးပွားရေးဖိုရမ်မှာ တွေ့ဆုံဆွေးနွေးခဲပြီးနောက် ပြည်တွင်း သုံးငွေကြေးကို အဓိက ထားသုံးစွဲဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းငွေကြေးသုံးစွဲမှုတွေကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဝန်ဆောင်မှုအတွက် ဘဏ်လုပ်ငန်း ပိုမို တည်ငြိမ်လာမယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့ပြီးနောက် အနောက်အုပ်စုနဲ့ ဆက်ဆံရေးဆိုးရွားခဲ့ပြီး ရုရှားဟာ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)