အိႏၵိယမွာ ဘတ္စ္ကားတစ္စီး ေတာင္ၾကားေအာက္ ထုိးက်

0
186

အိႏၵိယႏုိင္ငံ တီလန္ဂါနာျပည္နယ္ေတာင္ပိုင္းမွာ စက္တင္ဘာ ၁၁ ရက္ေန႔က ဘတ္စ္ကားတစ္စီး ေတာင္ၾကားထဲ ထုိးက်သြားခဲ့လို႔ အနည္းဆံုးလူ ၅၃ ဦးေသဆံုးသြားခဲ့ၿပီး လူအမ်ား ျပားဒဏ္ရာရသြားခဲ့တယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဲဒီကားဟာ ေတာင္ၾကားလမ္းမွာ ကားအရွိန္ကိုုု မထိန္းႏုိင္တာေၾကာင့္ ေတာင္ၾကားထဲကို ထုိးက်သြားခဲ့တာ ျဖစ္တယ္လို႔ အိႏၵိယအစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ကားေပၚမွာ ခရီးသည္ ၈၆ ဦးလုိက္ပါခဲ့ပါတယ္။ ဒဏ္ရာရသူေတြကို နီးစပ္ရာေဆး႐ုံကို တင္ပို႔ခဲ့ၿပီး ေသဆံုးခဲ့သူအတြက္ မိသားစုေတြကို ေလွ်ာ္ေၾကးအျဖစ္ ႐ူပီး ၅ သိန္းေပးသြားမယ္လုိ႔ တီလန္ ဂါနာ ျပည္နယ္ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး တောင်ကြားအောက် ထိုးကျ

အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်တောင်ပိုင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျသွားခဲ့လို့ အနည်းဆုံးလူ ၅၃ ဦးသေဆုံးသွားခဲ့ပြီး လူအများ ပြားဒဏ်ရာရသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီကားဟာ တောင်ကြားလမ်းမှာ ကားအရှိန်ကို မထိန်းနိုင်တာကြောင့် တောင်ကြားထဲကို ထိုးကျသွားခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ကားပေါ်မှာ ခရီးသည် ၈၆ ဦးလိုက်ပါခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံကို တင်ပို့ခဲ့ပြီး သေဆုံးခဲ့သူအတွက် မိသားစုတွေကို လျှော်ကြေးအဖြစ် ရူပီး ၅ သိန်းပေးသွားမယ်လို့ တီလန် ဂါနာ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)