
0
313






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေကြီးမှုတွေကြောင့် ဖိလစ်ပိုင်နိုင်ငံက အစိုးရအဆောက်ဦး၊ နဲ့ကျောင်းတွေ ပိတ်ထား

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာနဲ့ အနီးနားက ဒေသတွေမှာ ရေကြီးမှုတွေဖြစ်ပေါ်နေလို့ အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘဏ်တွေ ပိတ်ထားရပါတယ်။

လူဇွန်ကျွန်းကို ပြီးခဲ့တဲ့ရက်ပိုင်း လေပြင်းတိုက်ခိုက်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူဇွန်ကျွန်းရှိ ဒေသ ၁၉ ခုနဲ့ မနီလာမြို့တို့ကို မုန်တိုင်းသတိပေးမှုတွေ လုပ်ခဲ့ရပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေဟာ လူဂါနာမြို့ နဲ့ ကွီဇွန်မြို့တွေမှာ ရေကြီးမှုတွေဖြစ်ခဲ့လို့ ဒေသခံတွေကို ကယ်ထုတ်မှုတွေ လုပ်ခဲ့ရပါတယ်။

မုန်တိုင်းနဲ့အတူ ရေကြီးမှုတွေကြောင့် လူပေါင်း ၁၃ ဦး ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ မနီလာမြို့က မြေနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေဟာ ရေအောက်ကို ရောက်ရှိနေပြီး ဒေသခံတွေဟာ သွားလာရေအတွက် လှေတွေကို အသုံးပြုနေရပါတယ်။ မိုးရွာသွန်းမှု နဲ့အတူ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ဖိလစ်ပိုင်နိုင်ငံက လေကြောင်းလိုင်းတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)