ေျမာက္ကိုရီးယားကို  ကုလသမဂၢက ျပင္းထန္တဲ့ ပိတ္ဆို႔မႈအသစ္ ထပ္ခ်

0
279

 

ကုလသမဂၢက ေျမာက္ကိုရီးယား ႏိုင္ငံအေပၚ ႏ်ဴကလီးယား ၆ ႀကိမ္ေျမာက္ စမ္းသပ္ခဲ့မႈနဲ႔ ပတ္သက္ၿပီး ျပင္းထန္တဲ့ ပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္လိုက္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ လက္နက္အစီစဥ္ေတြမွာ ေငြေၾကးရရွိမႈကို ကန္႔သတ္ႏုိင္ဖို႔ အခုလို ပိတ္ဆုိ႔မႈေတြ ခ်မွတ္လုိက္တာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံကို ေရနံတင္ပို႔မႈနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ အထည္အလိပ္ တင္ပို႔မႈေတြကို ထပ္မံပိတ္ဆို႔မႈ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံက ေျမာက္ကိုရီးယားႏုိင္ငံအေပၚ ေရနံတင္သြင္းမႈ အားလံုး ပိတ္ပင္ဖုိ႔ေတာင္းဆုိခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ မဟာမိတ္ျဖစ္တဲ့ ရုရွားနဲ႔ တရုတ္ႏုိင္ငံကေတာ့ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ ျပင္းထန္တဲ့ ပိတ္ဆုိ႔မႈေတြ မခ်မွတ္ဖို႔ ေတာင္းဆုိခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ ပိတ္ဆုိ႔မႈအသစ္ခ်မွတ္ခံရတာကို ေဒါသျဖစ္ေနၿပီး အေမရိကန္ႏုိင္ငံအေနနဲ႔ ပိတ္ဆုိ႔မႈ ခ်မွတ္ဖို႔ အဆုိျပဳခဲ့တာနဲ႔ ပတ္သက္ၿပီး တန္းဖုိးအတုိင္း ျပန္ေပးဆပ္ရမယ္လို႔ ေျပာထားပါတယ္။

အထည္အလိပ္လုပ္ငန္းဟာ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ျပည္ပဝင္ေငြရရွိေနတဲ့ လုပ္ငန္းေတြမွာ ဒုတိယ အေရးပါတဲ့ လုပ္ငန္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံသားေတြကို ျပည္ပႏုိင္ငံေတြဆီ သြားေရာက္ အလုပ္လုပ္ကိုင္ဖို႔ တားျမစ္မႈေတြလည္း ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ကုလသမဂ္ဂက ပြင်းထန်တဲ့ ပိတ်ဆို့မှုအသစ် ထပ်ချ

ကုလသမဂ္ဂက မြောက်ကိုရီးယား နိုင်ငံအပေါ် နျူကလီးယား ၆ ကြိမ်မြောက် စမ်းသပ်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်အစီစဉ်တွေမှာ ငွေကြေးရရှိမှုကို ကန့်သတ်နိုင်ဖို့ အခုလို ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကို ရေနံတင်ပို့မှုနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အထည်အလိပ် တင်ပို့မှုတွေကို ထပ်မံပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအပေါ် ရေနံတင်သွင်းမှု အားလုံး ပိတ်ပင်ဖို့တောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ မချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့မှုအသစ်ချမှတ်ခံရတာကို ဒေါသဖြစ်နေပြီး အမေရိကန်နိုင်ငံအနေနဲ့ ပိတ်ဆို့မှု ချမှတ်ဖို့ အဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး တန်းဖိုးအတိုင်း ပြန်ပေးဆပ်ရမယ်လို့ ပြောထားပါတယ်။ အထည်အလိပ်လုပ်ငန်းဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြည်ပဝင်ငွေရရှိနေတဲ့ လုပ်ငန်းတွေမှာ ဒုတိယ အရေးပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်ဖို့ တားမြစ်မှုတွေလည်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)