ရုရှားရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး လုံခြုံမှုရှိရေး အလွန် သံသယရှိကြောင်း ဒေါက်တာ ဖော်ချီ ပြော

0
199

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ပြီလို့ ထုတ်ဖော်ပြောဆိုပေမယ့် ဆေးရဲ့ အာနိသင်ကိုတော့ အများကြီး သံသယရှိနေတယ်လို့ အမေရိကန် ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျု (NIAID) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီ ဖော်ချီက ပြောလိုက်ပါတယ်။

ကပ်ရောဂါနဲ့ ပတ်သက်လို့ အတွေ့အကြုံ နှစ် ၄၀ ရှိ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ ဖော်ချီက ကာကွယ်ဆေး ရရှိပြီဆိုတာနဲ့ အဲဒီ ကာကွယ်ဆေးဟာ စိတ်ချရပြီး အာနိသင်ရှိတယ် ဆိုတဲ့ အချက်နှစ်ချက်ဟာ မတူကြောင်း ABC သတင်းဌာနကို ပြောခဲ့တာပါ။

ဒေါက်တာ ဖော်ချီရဲ့ မှတ်ချက်ဟာ ရုရှားရဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေ သံသယဖြစ်နေမှုကို မဲတင်းပေးလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ရုရှားအစိုးရရဲ့ ဂါမယ်လေယာ သုတေသနဌာနနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပူးပေါင်း ထုတ်လုပ်လိုက်တာပါ။ သမ္မတ ပူတင်က သူ့သမီးတစ်ဦးကို အဲဒီကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ WHO ဟာ ရုရှားကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကာကွယ်ဆေးရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

လကရြှိ ကမျဘာပေါမြှာ ကိုရိုနာဗိုငြးရပဈြ ကူးစကသြူ ၂၀ ဒသမ ၁ သနြး၊ ဗိုငြးရပဈြကှောင့ြ သဆေုံးသူ ၇၃၈၇၀၀ ဦး ရှိတယလြို့ အမရေိကနရြှိ ဂွှနဈြဟော့ပကြငြးဈ တကျကသိုလကြ မှတတြမြးပှုထားပါတယြ။

_______________

_______________

ရုရှားရဲ့ ကိုရိုနာဗိုငျးရပျဈဆေး လုံခွုံမှုရှိရေး အလှနျ သံသယရှိကွောငျး ဒေါကျတာ ဖောျခြီ ပွော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ပြီလို့ ထုတ်ဖော်ပြောဆိုပေမယ့် ဆေးရဲ့ အာနိသင်ကိုတော့ အများကြီး သံသယရှိနေတယ်လို့ အမေရိကန် ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျု (NIAID) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီ ဖော်ချီက ပြောလိုက်ပါတယ်။

ကပ်ရောဂါနဲ့ ပတ်သက်လို့ အတွေ့အကြုံ နှစ် ၄၀ ရှိ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ ဖော်ချီက ကာကွယ်ဆေး ရရှိပြီဆိုတာနဲ့ အဲဒီ ကာကွယ်ဆေးဟာ စိတ်ချရပြီး အာနိသင်ရှိတယ် ဆိုတဲ့ အချက်နှစ်ချက်ဟာ မတူကြောင်း ABC သတင်းဌာနကို ပြောခဲ့တာပါ။

ဒေါက်တာ ဖော်ချီရဲ့ မှတ်ချက်ဟာ ရုရှားရဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေ သံသယဖြစ်နေမှုကို မဲတင်းပေးလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ရုရှားအစိုးရရဲ့ ဂါမယ်လေယာ သုတေသနဌာနနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပူးပေါင်း ထုတ်လုပ်လိုက်တာပါ။ သမ္မတ ပူတင်က သူ့သမီးတစ်ဦးကို အဲဒီကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ WHO ဟာ ရုရှားကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကာကွယ်ဆေးရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၀ ဒသမ ၁ သန်း၊ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၃၈၇၀၀ ဦး ရှိတယ်လို့ အမေရိကန်ရှိ ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်က မှတ်တမ်းပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)