Arthdal Chronicles 2 ကို ၂၀၂၀ အတွင်း ပြသနိုင်ရန်ပြင်ဆင်နေ

0
291

tvN ရုပ်သံဇာတ်လမ်းဖြစ်တဲ့ Arthdal Chronicles 2 ထုတ်လွှင့်ပြသရန် အတွက် ကြန့်ကြာမှုများရှိနေတယ်လို့ ရုပ်သံရိုက်ကူးထုတ်လွှင့် တာဝန်ရှိသူများက ဆိုပါတယ်။

ထိပ်တန်း သရုပ်ဆောင်တွေဖြစ်တဲ့ ဂျန်ဒေါင်ဂန်း၊ ဆောင်းဂျွန်ကီ၊ ကင်ဂျီဝန်နှင့် ကင်အုတ်ဘင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး season 2 ကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လွှင့်ပြသရန် ရည်ရွယ်ထားပေမဲ့ COVID-19 ရောဂါ ကမ္ဘာ့အနှံဖြစ်ပွားပြီး ကူးစက်မှုများ များပြားနေတာကြောင့် ရိုက်ကူးရေးပိုင်းများ ရပ်နားထားရကာ ထုတ်လွှင့်ပြသဖို့အတွက် အတိအကျ မပြောနိုင်သေးပေမဲ့ ၂၀၂၀ အတွင်းမှာ ပြသရန်အတွက် အဖွဲ့သားများက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

season 2 မှာ ရိုက်ကူးရေးများကို ပြည်ပနိုင်ငံများတွင် သွားရောက်ရိုက်ကူးရန်ရှိသလို လူအများကြီးသုံးကာ ရိုက်ကူးရမဲ့ အခန်းတွေလည်း ရှိတာကြောင့် ရိုက်ကူးရေးများအားလုံးနီးပါး ရပ်ဆိုင်းထားရကာ မကြာခင်မှာတော့ ရိုက်ကူးရေးများ ပြန်လည်စတင်တော့မယ်လို့ ဆိုပါတယ်။


___________________

___________________

Arthdal Chronicles 2 ကို ၂၀၂၀ အတွင်း ပြသနိုင်ရန်ပြင်ဆင်နေ

tvN ရုပ်သံဇာတ်လမ်းဖြစ်တဲ့ Arthdal Chronicles 2 ထုတ်လွှင့်ပြသရန် အတွက် ကြန့်ကြာမှုများရှိနေတယ်လို့ ရုပ်သံရိုက်ကူးထုတ်လွှင့် တာဝန်ရှိသူများက ဆိုပါတယ်။

ထိပ်တန်း သရုပ်ဆောင်တွေဖြစ်တဲ့ ဂျန်ဒေါင်ဂန်း၊ ဆောင်းဂျွန်ကီ၊ ကင်ဂျီဝန်နှင့် ကင်အုတ်ဘင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး season 2 ကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လွှင့်ပြသရန် ရည်ရွယ်ထားပေမဲ့ COVID-19 ရောဂါ ကမ္ဘာ့အနှံဖြစ်ပွားပြီး ကူးစက်မှုများ များပြားနေတာကြောင့် ရိုက်ကူးရေးပိုင်းများ ရပ်နားထားရကာ ထုတ်လွှင့်ပြသဖို့အတွက် အတိအကျ မပြောနိုင်သေးပေမဲ့ ၂၀၂၀ အတွင်းမှာ ပြသရန်အတွက် အဖွဲ့သားများက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

season 2 မှာ ရိုက်ကူးရေးများကို ပြည်ပနိုင်ငံများတွင် သွားရောက်ရိုက်ကူးရန်ရှိသလို လူအများကြီးသုံးကာ ရိုက်ကူးရမဲ့ အခန်းတွေလည်း ရှိတာကြောင့် ရိုက်ကူးရေးများအားလုံးနီးပါး ရပ်ဆိုင်းထားရကာ မကြာခင်မှာတော့ ရိုက်ကူးရေးများ ပြန်လည်စတင်တော့မယ်လို့ ဆိုပါတယ်။

Studio Dragon က ထုတ်လုပ်ရေးပိုင်းကို တာဝန်ယူထားတာဖြစ်ကာ ဒါရိုက်တာ ကင်ဝမ်ဆော့က ရိုက်ကူးပြီး ဇာတ်လမ်းဇာတ်ညွှန်း ကင်ယောင်ဟွန်းနဲ့ ပတ်ဆောင်ယွန်းတို့က ရေးသားတဲ့ Arthdal Chronicles ရုပ်သံဇာတ်လမ်းဟာ Season 1 မှာ ပရိသတ်အကြိုက်တွေ့တဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)