အင်ဒိုနီးရှားမှာ ကလေးတွေ သေဆုံးမှု COVID-19 နဲ့ ဆက်စပ်တယ်လို့ သံသယရှိနေ

0
255

ကမ္ဘာ့ကျွမ်းကျင်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေအတွက် အန္တရာယ် နည်းတယ်လို့ ပြောကြပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာ ရာနဲ့ချီ သေဆုံးတဲ့ ကလေးတွေဟာ COVID-19 ရောဂါနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိနေကြပါတယ်။

ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံ၊ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ကလေးအထူးကု ဆရာဝန်တွေနဲ့ ကျန်းမာရေး အရာရှိတွေက ကလေးငယ်တွေ အာဟာရ မပြည့်ဝမှု၊ သွေးအားနည်းမှု ရောဂါအခံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံမှုကြောင့် သေဆုံးမှု မြင့်နေတဲ့ နောက်ကွယ်မှာ အကြောင်းတစ်ခုခုရှိရမယ်လို့ ပြောနေကြပါတယ်။

အင်ဒိုနီးရှား ကလေးငယ်တွေဟာ အာဟာရ မပြည့်ဝမှု၊ အဲဒီကနေ သွေးအားနည်း ဖျော့တော့မှု၊ အဲဒီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မခုခံနိုင်လောက်တဲ့ အခြေအနေ ရောက်ရှိမှုဆိုတဲ့ အဆိုးစက်ဝိုင်း သံသရာထဲမှာ လည်နေတယ်လို့ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိ အာချမတ် ယူရီယန်တိုက ပြောပါတယ်။

အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ မတ်လက ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက သေဆုံးသူ ၂ ထောင် ရှိသွားပြီး တရုတ်နိုင်ငံပြင်ပ အာရှ ပစိဖိတ်ဒေသမှာ သေဆုံးမှု အမြင့်ဆုံး ဖြစ်ပါတယ်။ ကျန်မာရေး ဝန်ကြီးဌာန မှတ်တမ်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက် ၁၈ နှစ်အောက်အရွယ် ၇၁၅ ဦး ရှိပြီး ၂၈ ဦး ကတော့ သေဆုံးခဲ့ပါတယ်။

‘စောင့်ကြည့် ကလေးလူနာ’ ၇၁၅၂ ဦးအနက် ၃၈၀ ကျော် သေဆုံးတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက မှတ်တမ်းတင်ထားပါတယ်။ ‘စောင့်ကြည့် ကလေးလူနာ’ ဆိုတာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပြနေတဲ့ ကလေးတွေကို ဆိုလိုတာ ဖြစ်ပေမယ့် ရောဂါ အတည်ပြုခြင်းတော့ မရှိပါဘူး။

အငဒြိုနီးရှားမှာ မတလြကနေ မလေ ၂၂ ရကနြေ့အထိ အသကြ ၁၈ နှဈအောကအြရှယြ ၂၈ ဦး ကိုရိုနာဗိုငြးရပဈြကှောင့ြ သဆေုံးတာကိုကပဲ အရှယမြရောကသြေးသူ သဆေုံးမှုနှုနြး မှင့နြတော ဖှဈပှီး ၂ ဒသမ ၁ ရာခိုငနြှုနြး ရှိနပေါတယြ။

_________________

_________________

အငျဒိုနီးရှားမှာ ကလေးတှေ သဆေုံးမှု COVID-19 နဲ့ ဆကျစပျတယျလို့ သံသယရှိနေ

ကမ္ဘာ့ကျွမ်းကျင်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေအတွက် အန္တရာယ် နည်းတယ်လို့ ပြောကြပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာ ရာနဲ့ချီ သေဆုံးတဲ့ ကလေးတွေဟာ COVID-19 ရောဂါနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိနေကြပါတယ်။ 

ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံ၊ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ကလေးအထူးကု ဆရာဝန်တွေနဲ့ ကျန်းမာရေး အရာရှိတွေက ကလေးငယ်တွေ အာဟာရ မပြည့်ဝမှု၊ သွေးအားနည်းမှု ရောဂါအခံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံမှုကြောင့် သေဆုံးမှု မြင့်နေတဲ့ နောက်ကွယ်မှာ အကြောင်းတစ်ခုခုရှိရမယ်လို့ ပြောနေကြပါတယ်။

အင်ဒိုနီးရှား ကလေးငယ်တွေဟာ အာဟာရ မပြည့်ဝမှု၊ အဲဒီကနေ သွေးအားနည်း ဖျော့တော့မှု၊ အဲဒီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မခုခံနိုင်လောက်တဲ့ အခြေအနေ ရောက်ရှိမှုဆိုတဲ့ အဆိုးစက်ဝိုင်း သံသရာထဲမှာ လည်နေတယ်လို့ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိ အာချမတ် ယူရီယန်တိုက ပြောပါတယ်။

အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ မတ်လက ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက သေဆုံးသူ ၂ ထောင် ရှိသွားပြီး တရုတ်နိုင်ငံပြင်ပ အာရှ ပစိဖိတ်ဒေသမှာ သေဆုံးမှု အမြင့်ဆုံး ဖြစ်ပါတယ်။ ကျန်မာရေး ဝန်ကြီးဌာန မှတ်တမ်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက် ၁၈ နှစ်အောက်အရွယ် ၇၁၅ ဦး ရှိပြီး ၂၈ ဦး ကတော့ သေဆုံးခဲ့ပါတယ်။

‘စောင့်ကြည့် ကလေးလူနာ’ ၇၁၅၂ ဦးအနက် ၃၈၀ ကျော် သေဆုံးတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက မှတ်တမ်းတင်ထားပါတယ်။ ‘စောင့်ကြည့် ကလေးလူနာ’ ဆိုတာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပြနေတဲ့ ကလေးတွေကို ဆိုလိုတာ ဖြစ်ပေမယ့် ရောဂါ အတည်ပြုခြင်းတော့ မရှိပါဘူး။ 

အင်ဒိုနီးရှားမှာ မတ်လကနေ မေလ ၂၂ ရက်နေ့အထိ အသက် ၁၈ နှစ်အောက်အရွယ် ၂၈ ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာကိုကပဲ အရွယ်မရောက်သေးသူ သေဆုံးမှုနှုန်း မြင့်နေတာ ဖြစ်ပြီး ၂ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)