နယူးဇီလန်မှာ ဗြိတိန် ရေတပ်အရာရှိ ဂျွန် ဟာမီလ်တန် ရုပ်တုကို ဖယ်ရှား

0
190

နယူးဇီလန်နိုင်ငံ၊ ဟာမီလ်တန်မြို့ရှိ ဗြိတိန် ရေတပ်အရာရှိ ဂျွန် ဟာမီလ်တန်ရဲ့ ရုပ်တုကို ဌာနေတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် ဖယ်ရှားပေးလိုက်ပါတယ်။

ကပ္ပတိန် ဂျွန် ဖိန်း ချားလ်စ် ဟာမီလ်တန်ဟာ ၁၈၆၀ ပြည့်နှစ်ဝန်းကျင်မှာ နယူးဇီလန်ကျွန်းရဲ့ ဌာနေတိုင်းရင်းသား မာအိုရီလူမျိုးတွေကို သတ်ဖြတ်မှုမှာ အဓိကလက်သည် ဖြစ်ပါတယ်။

မာအိုရီ ခေါင်းဆောင်တစ်ဦးက ရုပ်တုကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်မှုနဲ့၊ မာအိုရီ လူမျိုးစုက ကပ္ပတိန် ဟာမီလ်တန် ရုပ်တုကို ဖယ်ရှားပေးဖို့ တောင်းဆိုပြီး နောက်တစ်ရက်မှာ ဟာမီလ်တန် ကောင်စီအဖွဲ့က ရုပ်တုကို ဖယ်ရှားပေးလိုက်တာပါ။

မာအိုရီ လူမျိုးစု ခေါင်းဆောင် မစ္စတာ မိုင်ပီက ဟာမီလ်တန်ဟာ လူသတ်သမား၊ မကောင်းဆိုဝါး ဖြစ်ပေမယ့် သူရဲကောင်းအဖြစ် ကိုယ်စားပြုနေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

မြို့ကောင်စီကတော့ ဟာမီလ်တန် ရုပ်တုကို ဖယ်ရှားပေးမှာ ဖြစ်ပေမယ့် မြို့နာမည်ကိုတော့ ပြောင်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။ ဟာမီလ်တန်မြို့ဟာ နယူးဇီလန်ရဲ့ စတုတ္ထမြောက် အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁ သိန်း ၆ သောင်းရှိကာ သုံးပုံ တစ်ပုံက မာအိုရီ လူမျိုးတွေ ဖြစ်ပါတယ်။

အမရေိကနြ ပှညထြောငစြု၊ မငနြီယာပိုလဈမှာ ပှီးခဲ့တဲ့လက ရဲကှောင့ြ အာဖရိကနြ-အမရေိကနြ ဂွော့ဂွြ ဖလှိုကြ သဆေုံးပှီးနောကြ ‘လူမညြးတှအသေကလြညြး အရေးပါတယြ’ (Black Lives Matter) လှုပရြှားမှုနဲ့ ထောကခြံမှုတှေ ပေါပြေါကလြာပါတယြ။ အဲဒီနောကြ ကမျဘာတဈလှှားရှိ မှို့တှမှော ယဉကြွေးမှုနဲ့ လူမွိုးရေး ဖိနှိပမြှုတှကေို ကိုယစြားပှုတဲ့ ရုပတြုတှကေို ဖယရြှားပဈဖို့ တောငြးဆိုနတော၊ ဖယရြှားပဈနတောတှေ ရှိနပေါတယြ။

___________________

___________________

နယူးဇီလနျမှာ ဗွိတိနျ ရတေပျအရာရှိ ဂြှနျ ဟာမီလျတနျ ရုပျတုကို ဖယျရှား

နယူးဇီလန်နိုင်ငံ၊ ဟာမီလ်တန်မြို့ရှိ ဗြိတိန် ရေတပ်အရာရှိ ဂျွန် ဟာမီလ်တန်ရဲ့ ရုပ်တုကို ဌာနေတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် ဖယ်ရှားပေးလိုက်ပါတယ်။   

ကပ္ပတိန် ဂျွန် ဖိန်း ချားလ်စ် ဟာမီလ်တန်ဟာ ၁၈၆၀ ပြည့်နှစ်ဝန်းကျင်မှာ နယူးဇီလန်ကျွန်းရဲ့ ဌာနေတိုင်းရင်းသား မာအိုရီလူမျိုးတွေကို သတ်ဖြတ်မှုမှာ အဓိကလက်သည် ဖြစ်ပါတယ်။ 

မာအိုရီ ခေါင်းဆောင်တစ်ဦးက ရုပ်တုကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်မှုနဲ့၊ မာအိုရီ လူမျိုးစုက ကပ္ပတိန် ဟာမီလ်တန် ရုပ်တုကို ဖယ်ရှားပေးဖို့ တောင်းဆိုပြီး နောက်တစ်ရက်မှာ ဟာမီလ်တန် ကောင်စီအဖွဲ့က ရုပ်တုကို ဖယ်ရှားပေးလိုက်တာပါ။

မာအိုရီ လူမျိုးစု ခေါင်းဆောင် မစ္စတာ မိုင်ပီက ဟာမီလ်တန်ဟာ လူသတ်သမား၊ မကောင်းဆိုဝါး ဖြစ်ပေမယ့် သူရဲကောင်းအဖြစ် ကိုယ်စားပြုနေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

မြို့ကောင်စီကတော့ ဟာမီလ်တန် ရုပ်တုကို ဖယ်ရှားပေးမှာ ဖြစ်ပေမယ့် မြို့နာမည်ကိုတော့ ပြောင်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။ ဟာမီလ်တန်မြို့ဟာ နယူးဇီလန်ရဲ့ စတုတ္ထမြောက် အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁ သိန်း ၆ သောင်းရှိကာ သုံးပုံ တစ်ပုံက မာအိုရီ လူမျိုးတွေ ဖြစ်ပါတယ်။ 

အမေရိကန် ပြည်ထောင်စု၊ မင်နီယာပိုလစ်မှာ ပြီးခဲ့တဲ့လက ရဲကြောင့် အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက် သေဆုံးပြီးနောက် ‘လူမည်းတွေအသက်လည်း အရေးပါတယ်’ (Black Lives Matter) လှုပ်ရှားမှုနဲ့ ထောက်ခံမှုတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် ကမ္ဘာတစ်လွှားရှိ မြို့တွေမှာ ယဉ်ကျေးမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုတွေကို ကိုယ်စားပြုတဲ့ ရုပ်တုတွေကို ဖယ်ရှားပစ်ဖို့ တောင်းဆိုနေတာ၊ ဖယ်ရှားပစ်နေတာတွေ ရှိနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)