ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒ ျပင္ဆင္ဖို႔ ေဟာင္ေကာင္ ဆိုင္းငံ့

0
81

သိန္းနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ လမ္းေပၚ ထြက္လာၿပီးတဲ့ေနာက္ ေဟာင္ေကာင္ ဥပေဒျပဳ ေကာင္စီက ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒ ျပင္ဆင္ေရး ဆိုင္းငံ့ထားဖို႔ ဇြန္လ ၁၂ ရက္ေန႔မွာ လႊတ္ေတာ္ အမတ္ေတြကို ညႊန္ၾကားလိုက္ပါတယ္။

ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒ ျပင္ဆင္ခ်က္မွာ ရာဇဝတ္မႈ သံသယရွိသူကို တ႐ုတ္ကြန္ျမဴနစ္ပါတီ ထိန္းခ်ဳပ္တဲ့ တရား႐ံုးေတြမွာ လႊဲေျပာင္းစစ္ေဆးခြင့္ရွိေၾကာင္း ထည့္သြင္းဖို႔ ဒုတိယအႀကိမ္ ေဆြးေႏြးပြဲအတြက္ အစီအစဥ္ ဆြဲထားၿပီး ျဖစ္ပါတယ္။

ဥပေဒျပဳ ေကာင္စီရဲ႕ တိုေတာင္းတဲ့ ေၾကညာခ်က္မွာ ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒ “ေနာက္ အခ်ိန္မွသာ” ေဆြးေႏြးဖို႔ ဆိုင္းငံ့ေၾကာင္း ေဖာ္ျပထာပါတယ္။ ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒ ျပင္ဆင္ေရးကို ကန္႔ကြက္ေၾကာင္းနဲ႔ ေဟာင္ေကာင္ အမႈေဆာင္ခ်ဳပ္ ကာရီ လမ္ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုဆႏၵျပသူ သန္းခ်ီ ရွိခဲ့တယ္လို႔ ဆႏၵျပပြဲကို စီစဥ္သူေတြက ေျပာပါတယ္။ ရဲကေတာ့ ဆႏၵျပသူဟာ အမ်ားဆံုး ၂ သိန္း ၄ ေသာင္းပဲ ရွိမယ္လို႔ တံု႔ျပန္ပါတယ္။

ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေ ပြင်ဆင်ဖို့ ဟောင်ကောင် ဆိုင်းငံ့

သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ လမ်းပေါ် ထွက်လာပြီးတဲ့နောက် ဟောင်ကောင် ဥပဒေပြု ကောင်စီက ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေ ပြင်ဆင်ရေး ဆိုင်းငံ့ထားဖို့ ဇွန်လ ၁၂ ရက်နေ့မှာ လွှတ်တော် အမတ်တွေကို ညွှန်ကြားလိုက်ပါတယ်။

ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေ ပြင်ဆင်ချက်မှာ ရာဇဝတ်မှု သံသယရှိသူကို တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်တဲ့ တရားရုံးတွေမှာ လွှဲပြောင်းစစ်ဆေးခွင့်ရှိကြောင်း ထည့်သွင်းဖို့ ဒုတိယအကြိမ် ဆွေးနွေးပွဲအတွက် အစီအစဉ် ဆွဲထားပြီး ဖြစ်ပါတယ်။

ဥပဒေပြု ကောင်စီရဲ့ တိုတောင်းတဲ့ ကြေညာချက်မှာ ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေ “နောက် အချိန်မှသာ” ဆွေးနွေးဖို့ ဆိုင်းငံ့ကြောင်း ဖော်ပြထာပါတယ်။ ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်ကြောင်းနဲ့ ဟောင်ကောင် အမှုဆောင်ချုပ် ကာရီ လမ် နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူ သန်းချီ ရှိခဲ့တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ပြောပါတယ်။ ရဲကတော့ ဆန္ဒပြသူဟာ အများဆုံး ၂ သိန်း ၄ သောင်းပဲ ရှိမယ်လို့ တုံ့ပြန်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)