တောင်ကိုရီးယားရဲ့ ပထမဆုံး လိင်ပြောင်းလဲခဲ့တဲ့ အဆိုတော် ဟာရိစု ခင်ပွန်းနဲ့ လမ်းခွဲ

0
257

ဆယ်နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ အပြီးမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး လိင်ပြောင်းလဲပြီး အမျိုးသမီးဘ၀ ခံယူခဲ့သူ အဆိုတော် ဟာရိစုဟာ သူ့ရဲ့ခင်ပွန်းဖြစ်သူ မစ်ကီးဂျန်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဒါဟာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ကြောင်း သတင်းတွေက ဖြော်ပပါတယ်။

ဘာကြောင့်လမ်းခွဲခဲ့ကြသလဲ ဆိုတဲ့အချက်ကိုတော့ အသေအချာ မသိရှိရသေးပါဘူး။ ဒါပေမယ့် ဟာရိစုရဲ့ ခင်ပွန်းဖြစ်သူ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖရိုဖရဲဖြစ်ပြီး နှစ်ဦးစလုံး ငွေကြေး အကျပ်အတည်း ကြုံနေကြတယ်လို့တော့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။

ဒါပေမဲ့ လမ်းခွဲရတဲ့ အဓိကအကြောင်းက ငွေကြေး အကျပ်အတည်းကြောင့် မဟုတ်ကြောင်း ဟာရိစုက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပြတ်စဲလမ်းခွဲမှုရဲ့အကြောင်းကိုတော့ ဟာရိစုက ထုတ်ဖော် ရေးသားခဲ့ခြင်း မရှိပါဘူး။

“ကျွန်မတို့ ကြင်ကြင်နာနာနဲ့ ပေါင်းသင်းနေထိုင်ခဲ့ကြတယ်။ လမ်းခွဲပေမယ့်လည်း လူမှုကွန်ရက်မှာတော့ ချိတ်ဆက် ပြောဆိုနေကြတုန်းပါပဲ၊ အနာဂတ်မှာ အောင်မြင်မှု ကိုယ်စီရကြဖို့ ကျွန်မတို့ မျှော်လင့်ထားကြပါတယ်” လို့ ဟာရိစုက ရေးသားခဲ့ပါတယ်။

၂၀၀၇ ခုနှစ်၊ မေလအတွင်းမှာ ဟာရိစုတို့ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟာရိစုက တောင်ကိုရီးယား နိုင်ငံရဲ့ပထမဆုံး လိင်ပြောင်းလဲခဲ့တဲ့ အဆိုတော် ဖြစ်နေတာကြောင့် သူတို့ရဲ့လက်ထပ်မှုက လူအများအပြားကို စိတ်ဝင်စားစေခဲ့ပါတယ်။

စီးပွားရေးကြော်ငြာ သရုပ်ဆောင်အဖြစ် ၂၀၀၁ ခုနှစ်မှာ ဟာရိစုက စတင် သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ကိုလည်း ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ အတွင်းမှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဟာရိစုဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)