လူငယ် အလုပ်အကိုင် အခွင့်အရေး အလွန်အရေးကြီး နေတယ်လို့ တောင်ကိုရီးယား သမ္မတ ပြော

0
288

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေ ဆိုးရွားနေပြီး အထူးသဖြင့် လူငယ် အလုပ်လက်မဲ့ များပြားနေကြောင်းနဲ့ အလုပ်အကိုင် အမြန်ဖန်တီးပေးနိုင်ဖို့ ပါလီမန်အနေနဲ့ ထပ်ဆောင်း ဘတ်ဂျက်ငွေကို အဆောတလျင် ခွင့်ပြုဖို့ လိုအပ်နေကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဒီနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“လက်ရှိ အလုပ်လက်မဲ့ ပြဿနာတွေကို မသိကျိုးကျွန် ပြုထားခဲ့မယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေးကဏ္ဍ ကပ်ဆိုက်မှု ဖြစ်စေမယ့် စီးပွားရေး ၀ရုန်းသုန်းကား အကျိုးဆက်ကို ခံစားရနိုင်ဖွယ် ရှိနေပါတယ်” လို့ သမ္မတ မွန်ဂျေအင်းက ထပ်ဆောင်း ဘတ်ဂျက်အတွက်ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူမှုဖူလုံရေး လုပ်ဆောင်ချက်တွေ တိုးမြှင့်ဖို့နဲ့ အထူးသဖြင့် မဲဆွယ်ကာလက မွန်ဂျေအင်း ပေးခဲ့တဲ့ ကတိအတိုင်း အလုပ်အကိုင်တွေ ဖန်တီးပေး နိုင်ဖို့အတွက် ဘတ်ဂျက် ထပ်ဆောင်းသတ်မှတ်ဖို့ တောင်းဆိုချက်ကို ဇွန်လ ၅ ရက်နေ့မှာ တောင်ကိုရီးယားအစိုးရက ပြုလုပ်ခဲ့ပါတယ်။ အဲဒီဘတ်ဂျတ် သတ်မှတ်ချက်ကို ပါလီမန်က အတည်ပြုပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)