နာဂသူပုန်ခေါင်းဆောင် ကပ္ပလန် အသက် ၇၇ နှစ်မှာ သေဆုံး

0
278

အိန္ဒိယအစိုးရရဲ့ အလိုအရှိဆုံး သူပုန်ခေါင်းဆောင်ဖြစ်တဲ့ အက်စ် အက်စ် ကပ္ပလန်ဟာ အသက် ၇၇ နှစ်အရွယ်မှာ သေဆုံးသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ နာဂသူပုန်အဖွဲ့ NSCN (K) ဌာနချုပ်မှာ သူပုန်ခေါင်းဆောင် ကပ္ပလန်ဟာ ဖျားနာပြီး ဇွန်လ ၉ ရက်နေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကပ္ပလန်ဟာ နာဂလန်း ပြည်သူ့သမ္မတ အစိုးရ အဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

NSCN (K) ဟာ အရူနာချယ် ပရာဒေ့ရှ်ထဲမှာ ပါတဲ့ နာဂလန်း ခွဲထွက်ရေးအတွက် ကြိုးစားနေတဲ့ သူပုန်အဖွဲ့ ဖြစ်ပါတယ်။ ကပ္ပလန်မှာ သား ၃ ယောက်နဲ့ သမီး ၁ ယောက် ရှိပါတယ်။

ကပ္ပလန်ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း သူပုန် အဖွဲ့ဖြစ်တဲ့ အနောက်တောင်အာရှ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLFWSA) ရဲ့ နောက်ကွယ်က ကြိုးကိုင်သူလည်း ဖြစ်ပြီး အဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့တွေကို အကြိမ်များစွာ တိုက်ခိုက်ခဲ့ပါတယ်။

ကပ္ပလန်ရဲ့ နေရာကို ဒုတိယ အကြီးအကဲဖြစ်သူ ကန်ဂို ကွန်ယက်က ဆက်ခံမယ်လို့ NSCN (K) နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)