ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို အီတလီနိုင်ငံသား ရာပေါင်းများ စွာချီ တက်

0
262

အီတလီနိုင်ငံ မြောက်ပိုင်း ဘိုလော့နာ မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က  ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်း စောင့်ရှောက်ရေး ဆွေးနွေးပွဲကိုတက်ရောက်လာခဲ့ကြတဲ့ နိုင်ငံ ခေါင်း ဆောင် တွေကို အီတလီ နိုင်ငံ သားရာပေါင်းများစွာ စုဝေးချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြတာဖြစ်ပါတယ်။

အမေရိကန် ၊ ကနေဒါ ၊ ဂျပန် ၊ ပြင်သစ် ၊ဂျာမနီ၊ အီတလီ နဲ့ ဗြိတိန် နိုင်ငံက ခေါင်း ဆောင်တွေ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ G-7 ဆွေးနွေးပွဲ  ၂ ရက်မြောက် နေ့မှာ  စတင်ချီတက်ခဲ့ကြတာပဲ ဖြစ်ပါ တယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ သမုဒ္ဒရာအတွင်း ရေထုညစ်ညမ်းမူ၊ ရာသီဥတု ပြောင်းလဲ လာမှု ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး အကြောင်း အရာတွေကို ပူးပေါင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 ဒီနိုင်ငံတွေအပြင် တခြားနိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေပါ ပါဝင်လာဖို့ ဆန္ဒထုတ် ဖော်ခဲ့ကြတာဖြစ်ပြီး ချီတက်ပွဲမှာ လူငယ်တွေအပါအ၀င် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တွေပါ   ၂ နာရီ နီးပါး သီချင်းများသီဆိုကာ ငြိမ်းငြိမ်း ချမ်းချမ်း အဆုံးသတ် ခဲ့ကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)