အပြင်မှာထက် ကားထဲက လေထုညစ်မှုက ကလေးငယ်တွေကို ကျန်းမာရေး ထိခိုက်စေနိုင်

0
295

ပြင်ပမှာထက် ကားထဲမှာက လေထုညစ်ညမ်းမှု အဆင့် ပိုမြင့်ပြီး ကလေးငယ်တွေကို ကျန်းမာရေး ထိခိုက်စေတယ်လို့ ဗြိတိသျှ အစိုးရ သိပ္ပံပညာရှင် အကြီးအကဲဟောင်းက သတိပေးလိုက်ပါတယ်။

ပါမောက္ခ ဆာ ဒေးဗစ်ကင်းက ကလေးတွေကို လမ်းလျှောက်ပြီးတော့ ဖြစ်ဖြစ်၊ စက်ဘီးနဲ့ ဖြစ်ဖြစ် ကျောင်းလိုက်ပို့တာက ကလေးတွေရဲ့ ကျန်းမာရေးကို ပိုကောင်းစေလိမ့်မယ်လို့ ဂါဒီးယန်း သတင်းစာကို ပြောထားပါတယ်။

လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ မကြာသေးမီက သုတေသန တစ်ရပ်မှာလည်း လေထုညစ်ညမ်းမှုဟာ ကျောင်းမှာ ကလေးငယ်တွေရဲ့ သင်ကြားလေ့လာမှု စွမ်းရည်ကို ထိခိုက်စေတဲ့အပြင် သူတို့ရဲ့ DNA ကိုလည်း ဆိုးကျိုး သက်ရောက်စေကြောင်း ဖော်ပြထားပါတယ်။

ကလေးတွေကို ကားနောက်ထိုင်ခုံမှာ ထိုင်ခိုင်းထားခြင်းဟာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်နေရာမှာ  ထားသလို ဖြစ်နေတယ်၊ မောင်းသူနေရာက သန့်ရှင်းပေမယ့် ကားတစ်စီးလုံးက အဆိပ်ငွေ့တွေ စုပြီး ထုတ်လွှတ်တဲ့ အပိုင်းမှာ ကလေးကို ထားသလို ဖြစ်နေတယ်လို့ ပါမောက္ခ ကင်းက ပြောပါတယ်။

 

ကလေးတွေ ပါတဲ့ ကားတွေပေါ်မှာ ဆေးလိပ်သောက်တာကို တားမြစ်တဲ့ ဥပဒေထုတ်ဖို့ ကိစ္စဟာလည်း ဗြိတိန်မှာ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)