အပစ်ခတ်ရပ်ဆဲရေးသဘောတူ လက်မှတ်ထိုးထားတဲ့ကြားက တိုက်ပွဲဖြစ်ပွားခဲ့လို့ ယူကရိန်းသမ္မတ ရုရှားသမ္မတကို အပြစ်တင်

0
276

ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူ လက်နက်ကိုင်သူပုန်အဖွဲ့အစည်းတွေ  ဇွန်လ ၁၁ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး အစိုးရစစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း ကာကွယ် ရေးဝန်ကြီး ဌာန က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းနိုင်ငံအရှေ့ဘက်ခြမ်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သား နှစ်ဦး ပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်း- ရုရှား နှစ်နိုင်ငံကြား ပဋိပက္ခတွေအဆုံးသတ်ဖို့ ၊ရှရှားအစိုးရတပ်တွေနဲ့ နယ်စပ်သူပုန်တွေကြား အပစ်အခတ်ရပ်ဆဲစေဖို့ ၊ဒေသအတွင်း ငြိမ်းချမ်းစေဖို့ရည်ရွယ်ပြီး  အပစ်အခတ်ရပ်ဆဲရေး ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုလက်ရှိအချိန်မှာ သဘောတူလက်မှတ်ကို ချိုးဖောက်လိုက်တဲ့ လုပ်ရပ်ကြောင့်   ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှင်ကိုရ် က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)