လူသေအလောင်း ၈ လောင်းနဲ့ မျောပါလာတဲ့ လှေကို လစ်ဗျားကမ်းခြေစောင့်တပ်တွေ့ရှိ

0
245

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရဲ့အရှေ့ဘက်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူရဲ့ လူသေအလောင်း ၈ လောင်းကို ဇွန် ၁၀ ရက်နေ့က သက်ကယ်လှေတစ်ခုအတွင်း တွေ့ရှိခဲ့တယ်လို့ လစ်ဗျားကမ်းခြေစောင့်တပ် ရဲ့ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလူသေအလောင်းတွေနဲ့ မျောလာတဲ့လှေကို ထရီပိုလီမြို့ရဲ့ အရှေ့ဘက် ၆၅ ကီလိုမီတာအကွာ ပင်လယ်ပြင်မှာ  ငါးဖမ်းသမားတွေ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရွှေပြောင်းနေထိုင်သူ  ၃၈၀ တင်ဆောင်လာတဲ့လှေ  ၃သုံးစင်း  ဇာဝီရာဒေသ ကနေ ထွက်ခွာသွားခဲ့ကြောင်း နဲ့ အဲ့ဒီနေ့မှာ ပဲ နောက်ထပ် ရွှေ့ပြောင်း နေထိုင်သူ ၄၀၀ ကျော်  လည်း ထွက်ခွာ သွားခဲ့ပြီး သူတို့ကို လစ်ဗျားကမ်းခြေစောင့်တပ်က ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက ပြောကြား လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)