ထရမ့်ရဲ့ စီးပွားရေး အင်ပါယာ တရားစွဲဆိုမှု အသစ်နဲ့ ရင်ဆိုင်နေရ

0
301

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုင်ငံခြားကပေးချေမှုနဲ့ အကျိုးအမြတ်တွေကို သူ့ရဲ့ စီးပွားရေး အင်ပါယာကနေတဆင့် လက်ခံရယူခဲ့တာကြောင့် မေရီလန်းပြည်နယ်နဲ့ ၀ါရှင်တန်မြို့တော်က အရာရှိတွေရဲ့ တရားစွဲဆိုမှု ခံရမှာ ဖြစ်ပါတယ်။

လစာခံစားခွင့် သတ်မှတ်ချက်လို့ အကြမ်းဖျဉ်း ပြောဆိုနိုင်မယ့် ဥပဒေအရ အမေရိကန် အရာရှိတွေ အနေနဲ့ ပြည်ပအစိုးရထံကနေ လက်ဆောင်ပစ္စည်းနဲ့ အကျိုးအမြတ်တွေကို လက်သင့် မခံရတဲ့အချက်နဲ့ မစ္စတာထရမ့်ကို တရားစွဲဆိုမှာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေး ကာလမှာ ရုရှားနဲ့ ပူးပေါင်းမှုရှိခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းမှုခံနေရချိန်မှာ သမ္မတထရမ့်အတွက် ယခုဖြစ်စဉ်ဟာ ရန်သူအသစ်တွေ တိုးပွားလာနေတယ်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ သမ္မတရာထူးကို လက်ခံချိန်ကစတင်ပြီး မစ္စတာ ထရမ့်ဟာ သူ့ရဲ့ စီးပွားရေးအင်ပါယာနဲ့ ရပိုင်ခွင့် အက်ဆက် (Assets) တွေကို အရွယ်ရောက်ပြီး သားတွေဆီ လွှဲပြောင်းခဲ့ပါတယ်။ ဒါပေမယ့် အကျိုးစီးပွားချင်း ထိပ်တိုက်ဆုံတွေ့ မှု မဖြစ်အောင် အပြီးရောင်းချသင့်တယ်လို့ ကျင့်ဝတ်အရ ပြောဆိုမှုတွေရှိပေမယ့် ထရမ့်က ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါ တယ်။

ပြည်ပအစိုးရတွေ ထံကနေ အကျိုးအမြတ်ရယူမှုကို သူ့ရဲ့ အင်ပါယာကနေ တဆင့် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲအပြင် ခရိုင်ဒေသတစ်ခုမှာ ထရမ့်ရဲ့ဟိုတယ်တစ်လုံး ရှိနေတာက တခြား လုပ်ငန်းတူတွေကို ထိခိုက်စေတယ်လို့လည်း တရားစွဲဆိုသူတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)