ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း မဖြစ်အောင် ဝူဟန် တစ်မြို့လုံးကို စစ်ဆေးမယ်

0
109

လူဦးရေ ၁၁ သန်းရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း မဖြစ်အောင် NAT လို့ခေါ်တဲ့ သက်ရှိကလာပ်စည်း အက်စစ် စစ်ဆေးနည်းနဲ့ စစ်ဆေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Reuters သတင်းဌာနက ကြည့်ခွင့်ရတဲ့ ဌာနတွင်း လျှို့ဝှက်စာနဲ့ အတွင်းသတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး အခုလို သတင်းထွက်လာတာပါ။

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန်မြို့ရှိ အပိုင်းတိုင်းမှာ တာဝန်ရှိသူတွေက သက်ဆိုင်ရာ အပိုင်းအလိုက် စစ်ဆေးမယ့် အသေးစိတ် အစီအစဉ်တွေကို တင်ပြရမှာ ဖြစ်ပါတယ်။ လပေါင်းများစွာကြာတဲ့ lockdown ချမှုကို ဧပြီလ ၈ ရက်နေ့မှာ ရုတ်သိမ်းပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာသစ် တွေ့ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံက ရောဂါဖြစ်ပွားမှုနှုန်းဟာ ဆက်ပြီးမြင့်နေတယ်လို့ ကြေညာပြီးနောက် COVID-19 ဒုတိယလှိုင်း လာနိုင်တယ်လို့ ကမ္ဘာတစ်ဝန်း သတိပေးမှုတွေ ထွက်ပေါ်လာချိန် ဝူဟန်မှာလည်း အခုလို တစ်မြို့လုံးကို စစ်ဆေးဖို့ ပြင်နေတာ ဖြစ်ပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)