မိမိကားနဲ့ တခြားပစ္စည်းများကို အလွယ်တကူရှာဖွေနိုင် ၂၉ ဒေါ်လာတန် အသေးစား စက်ပစ္စည်းလေးထုတ်လုပ်

0
310

မကြာခန ပစ္စည်းပျောက်သူတွေနဲ့ ကား၊ဖုန်း၊ဆိုင်ကယ်စတဲ့ ပစ္စည်းတွေမှာ ထည့်ထားရုံနဲ့ ပျောက်ဆုံးပစ္စည်းတွေကို  အလွယ်တကူရှာဖွေ ပေးနိုင်မဲ့ အသေးစား ကိရိယာတစ်ခု ကို ကယ်လီဖိုးနီးရာ ကုမ္ပဏီတစ်ခုက  ထုတ်လုပ်လိုက်ပါတယ်။

အဲ့ဒီ အသေးစားကိရိယာလေးဟာ GPS စနစ်တပ်ဆင်ရတဲ့ပစ္စည်းတွေလို ဈေးကြီးပေးဝယ်စရာမလိုဘဲ အခုစက်ပစ္စည်းလေးကို ၂၉ ဒေါ်လာနဲ့ ၀ယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီး သူ့ရဲ့နာမည်ကတော့ TrackR လို့ခေါ်တဲ့ ခြေရာခံစက် တစ်ခုပဲဖြစ် ပါတယ်လို့  ကုမ္ပဏီက ကြေငြာထားပါတယ်။

အဲ့ဒီပစ္စည်းလေးကို သုံးစွဲသူရဲ့  လက်ကိုင်ဖုန်းနဲ့  ချိတ်ဆက်ထားရမှာဖြစ်ပြီး  အကြွေ့စေ့သာသာရှိတဲ့ ပစ္စည်းလေးကို သုံးစွဲသူရဲ့ ကား၊ ဆိုင်ကယ် နဲ့ တခြားပစ္စည်းတွေ ထဲ အဆင်ပြေတဲ့တစ်နေရာမှာ ထည့်ထားရုံနဲ့ လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ကာ  တည်ရှိရာနေရာကို  တိတိကျကျ လမ်းညွှန်ပေးနိုင်မှာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)