ပါကစ္စတန် အထက်လွှတ်တော်ယာဉ်တန်း ဗုံးပေါက်ကွဲမှု ၁၀ ဦးသေဆုံး

0
274

ပါကစ္စတန်  အထက်လွှတ်တော်ရဲ့  ဒုဥက္ကဌ စီးနှင်းတဲ့ယာဉ်တန်းကို  ဒီကနေ့ မှာအကြမ်းဖက် ဗုံးခွဲတိုက်ခိုက် ခံလိုက် ရတဲ့အတွက်  အနည်းဆုံးလူ  ၁၀  ဦးသေဆုံးခဲ့ရတယ်လို့  ပါကစ္စတန် ရဲဌာနက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ   ကွာတာပြည်နယ်မြို့တော်   မိုင် ၃၀ အကွာ Mastung  မြို့မှာ ဖြစ်ပွားခဲ့ပြီး သူ့လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ် လို့  ပါလီမန် လွှတ်တော်ရဲ့  ဒုဥက္ကဌ အဒူလ် ဂါဖာ ဟိုင်ဒါရီ ကပြောပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း ဒီလို အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ခုတိုက်ခိုက်ခံရမှုအတွက်ဆက်လက် စုံစမ်းနေကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)