The Belt and Road ဖိုရမ် တက်ရောက်ဖို့ ဗီယက်နမ်သမ္မတ တရုတ်ရောက်ရှိ

0
293

ဗီယက်နမ် သမ္မတ ကျန်ဇိုက်ကွမ် ဟာ တရုတ်နဲ့The Belt and Road ဖိုရမ်တက်ရောက်ဖို့ ဒီကနေ့မေလ ၁၂ ရက်နေ့မှာ  တရုတ် နိုင်ငံကိုလာရောက်ခဲ့ပါတယ်။

လမ်းမကြီး နဲ့ပတ်သတ်ပြီး  ရရှိလာမဲ့ အကျိုးအမြတ် ရလဒ်တွေနဲ့ နှစ်နိုင်ငံကြား ပူပေါင်းဆောင်ရွက်မှု ရေရှည်တည်တံ့ဖို့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဒု ၀န်ကြီး လီဇူမင် ကပြောပါတယ်။

အဲ့ဒီနောက် ဗီယက်နမ်သမ္မတ  ကျန်ဇိုက်ကွမ် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ ဗီယက်နမ်သမ္မတ အနေနဲ့ တရုတ် နိုင်ငံကို ပထမဆုံးအကြိမ်လာရောက် လည်ပတ်တာပဲဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ တောင်တရုတ်ပင်လယ် ကိစ္စကိုပါ  ဆွေးနွေးခဲ့ပြီး Belt and Road ဖိုရမ်ကိုတော့ လာမဲ့ မေလ ၁၄ နဲ့၁၅ မှာ  လမ်းမကြီးနဲ့ပတ်သတ်တဲ့ နိုင်ငံထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)