သြစတေးလျှ ထိပ်တန်း အိုင်အက်စ် စစ်သားစုဆောင်းသူကို တူရကီ လွှဲပြောင်းပေးရန် စီစဉ်

0
303

သြစတေးလျှနိုင်ငံက အလိုအရှိဆုံး ရာဇ၀တ်သားဖြစ်တဲ့ ဂျီဟတ်သမား နေးလ်ပရာကတ်ရှ်ကို တူရကီနိုင်ငံက လပိုင်းအတွင်းမှာ သြစတေးလျှနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးတော့မယ်လို့ ၀န်ကြီးချုပ်မဲလ်ကွန်ဘလစ်က ပြောကြားလိုက်ပါတယ်။

အိုင်အက်စ်အစွန်းရောက်အဖွဲ့ရဲ့ ထိပ်တန်း စစ်သားစုဆောင်းစု ပရာကတ်ရှ်ကို တူရကီနိုင်ငံမှာ မနှစ်က ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ချထားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ အဆိုပါအကြမ်းဖက်သမား ပရာကတ်ရှ်ဟာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီလို့ သြစတေးလျှနိုင်ငံက မှားယွင်းကြေညာခဲ့ပါတယ်။

မဲလ်ဘုန်းမြို့မှာ မွေးဖွားခဲ့တဲ့ပရာကတ်ရှ်ဟာ သြစတေးလျှတရားရုံးမှာ ရုံတင်စစ်ဆေးခံရမှာဖြစ်ကြောင်း ၀န်ကြီးချုပ် မဲလ်ကွန် ဘလစ်က ပြောပါတယ်။

“ ကျွန်တော်တို့မှာ တူရကီနိုင်ငံနဲ့ အထူးတလည်ချုပ်ဆိုထားတဲ့ သဘာတူညီချက်ရှိပါတယ်” လို့ ၀န်ကြီးချုပ် မဲလ်ကွန်ဘလစ်က မေလ ၁၁ရက်နေ့မှာ ဒေသခံမီဒီယာကနေတဆင့် ပြောဆိုခဲ့ပါတယ်။

တကယ်လို့ ရာဇ၀တ်သားလွှဲပြောင်းမှုအစီအစဉ် အောင်မြင်ခဲ့ပါက ပရာကတ်ရှ်ဟာ အကြမ်းဖက်မှုကြောင့် ပြင်းထန်တဲ့တရားစီရင်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပရာကတ်ရှ်ဟာ ၂၀၁၃ ခုနှစ်မှာ သြစတေးလျှနိုင်ငံကနေ ဆီးရီးယားကိုထွက်ခွာခဲ့ပြီး အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် အဖွဲ့ရဲ့ ၀ါဒဖြန့်ချိရေးဗွီဒိုယိုနဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)