ပုတ်ရဟန်းမင်းကြီး တိုက်ကွမ်ဒိုမာစတာ ဖြစ်လာ

0
267

အီတလီ တိုက်ကွမ်ဒိုအဖွဲ့ရဲ့ ဖော်ပြချက်အရ ဗာတီကန်မှာ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပုတ်ရဟန်းမင်းကြီးကို ခါးစည်းအဆင့် ၁၁ ကို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် အပ်နှင်းခဲ့တာကြောင့် ရဟန်းမင်းကြီးဖရန်စစ္စဟာ တိုက်ကွမ်ဒိုဆရာဖြစ်လာကြောင်း သိရှိရပါတယ်။

ပုတ်ရဟန်းမင်းကြီးဟာ အသိအမှတ်ပြုလက်မှတ်၊ တိုက်ကွမ်ဒိုဝတ်စုံနဲ့ ခါးစည်းကို လက်ခံရယူခဲ့ပါတယ်။
တောင်ကိုရီးယားမှာရှိတဲ့ ကတ်သလစ်ဘာသာဝင်တွေအပေါ် ချစ်ခြင်းမေတ္တာတရားပြခဲ့တဲ့ ပုတ်ရဟန်းမင်းကြီးဟာ ဆုလက်ခံရ ရှိ ချိန်မှာ ပြုံးနေခဲ့ပါတယ်။

အဆိုပါဂုဏ်ထူးဆောင် ဆုပေးအပ်ပွဲအခမ်းအနားကို ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌချောင်ချန်ဝမ်၊ အီတလီတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌအန်ဂျဲလ်လိုဆီတိုနဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌပတ်ခ်ယွန်ဂီလ်နဲ့ ဗာတီကန်ဆိုင်ရာ တောင်ကိုရီးယားသံတမန် ဂျောင်ဂျွန်ဟူးတို့ တက်ရောက်ခဲ့ပါတယ်။

“ တိုက်ကွမ်ဒိုဆိုတာ လူသားဝါဒကို အခြေပြုထားတဲ့ တိုက်ခိုက်ရေးပညာတစ်ရပ်ပါ၊ အားနည်းတဲ့သူတွေကို အစဉ်အမြဲ အား ပေးကူညီတဲ့ လူသားချင်းစာနာထောက်ထားမှုကို သတိပေးပြောဆိုနေတဲ့ ပုတ်ရဟန်းမင်းကြီးဟာ ဒီဂုဏ်ထူးဆောင်ဘွဲ့ကို ပေးဖို့ ထိုက်တန်သူပါ” လို့ ပတ်ခ်ယွန်ဂီလ်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)