မြေငလျင်ကြောင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လူ ၈ ဦးသေဆုံး

0
289

မနေ့က တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဇင်ကျင်းပြည်နယ်မှာ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေ့အိမ်ပေါင်း ၁၅၀၀ ကျော်လည်း ပျက်စီးသွားခဲ့ပါတယ်။

ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၈ မိနစ်မှာ အင်အား ၅.၄ ရစ်ချက်မီတာစကေးရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး တရုတ်ရှေး ဟောင်းပိုးလမ်းမကြီးရဲ့ အနောက်တောင်နဲ့ တောင်ဘက် ၁၃၃ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန်ဘူမိ ဗေဒဆိုင်ရာ ဆာဗေးတိုင်းတာချက်က ဖော်ပြခဲ့ပါတယ်။

နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကြောင့် မြေပြင်ဟာ ပိုမိုလှုပ်ရမ်းခဲ့ပြီး ထိခိုက်မှုပိုမိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ မြေငလျင် လှုပ်ခတ်ခဲ့တဲ့ဒေသက ကွန်မြူနစ်ပါတီအကြီးအကဲ ၀မ်ဖူယုန်ရဲ့ပြောကြားချက်အရ အချို့လူတွေဟာ သူတို့ရဲ့နေအိမ်အတွင်းမှာပဲ ပိတ်မိသေဆုံးခဲ့ရတာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာကဖော်ပြခဲ့ပါတယ်။

အပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရပြီး လူဦးရေ ၄၄၉ ဦးနေထိုင်တဲ့ ကွီဇ်ဂန်ရွာက အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူတွေကို ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် စစ်သား ၁၀၀၀နဲ့ စေတနာ့ဝန်ထမ်း အရပ်သား ၁၅၀၀တို့က ရှင်သန်ကျန်ရစ်သူတွေကို လိုက်လံကူညီပေးနေကြပါတယ်။

တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ကို ပုံမှန် ခံစားရလေ့ရှိပြီး အဖြစ်များတဲ့ဒေသတွေကတော့ တောင်တန်းထူထပ်တဲ့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း အဆိုပါဇင်ကျင်းပြည်နယ်မှာ အင်အား ၆.၈ ရစ်ချက်မီတာစကေးရှိတဲ့ငလျင် လှုပ် ခတ်ခဲ့တာကြောင့် တရုတ်ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)