ထိုင်းနိုင်ငံမှာ လယ်ထွန်မင်္ဂလာအခမ်းအနား ကျင်းပ

0
306

ကမ္ဘာပေါ်မှာ  ဒုတိယအကြီးဆုံး ဆန် ထုတ်လုပ်တဲ့  နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ လယ်ထွန်မင်္ဂလာနှစ်ပတ်လည်  အခမ်းအနားကို ဘုရင် မဟာဝချီရာလောင်ကွန်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားဟာ  ထိုင်းနိုင်ငံမှာ  နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတာဖြစ်ပြီး အဓိကအားဖြင့် ဆန်၊စပါး အထွက်များဖို့ ပြုလုပ်တဲ့ ဓလေ့တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကို မိုးရာသီမတိုင်ခင် မှာပြု လုပ် လေ့ရှိပြီး တော်ဝင်လယ်ထွန်အခမ်းအနားလို့လည်း ခေါ်လေ့ရှိပါတယ် ။

အဲ့ဒီလို ပြုလုပ် တာဟာ လာမဲ့ မိုးရာသီ စပါးစိုက်ပျိုးချိန် မှာ စပါးသီးနှံဖြစ်ထွန်းအောင် မြင်ဖို့  ပြုလုပ်ကြတာဖြစ်ပါတယ်။

လာမဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ စပါး ၂၅-၂၆ မီယီယံ တန် လောက် ထုတ်လုပ်ဖို့ ရည်ရွယ် ထားပြီး  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က   ၁၀ မီလီယမ်တန်  နဲ့ ၂၀၁၆ ခုနှစ်ကတော့ ၉.၆၃ မီလီယမ် တန် တင်ပို့နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)