ဂျပန်တွေ ဂုဏ်ယူတဲ့ ပိုစတာထဲကမော်ဒဲလ် တရုတ်အမျိုးသမီး ဖြစ်နေ

0
286

ဂျပန်နိုင်ငံမှာ ပြည်သူအတော်များများက ဂုဏ်ယူကြတဲ့ ပိုစတာတစ်ခုထဲမှာ ပါဝင်ခဲ့သူ မော်ဒဲလ်ဟာ တရုတ်အမျိုးသမီးဖြစ် နေခဲ့တာ
ကြောင့် မကြာသေးခင်က ရက်သတ္တပတ်တွေအတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါပိုစတာကို ကျိုတိုမြို့ပတ်ဝန်းကျင်မှာ စိုက်ထူထားတာဖြစ်ပြီး ကျိုတိုမြို့သူမြို့သားတွေဟာ ယခုလအ စောပိုင်းမှာ အဲဒီပိုစတာကို သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ လှပကျော့ရှင်းတဲ့ အမျိုးသမီးတစ်ဦးက ဂျပန်နိုင်ငံတော်အလံရှေ့မှာ ပြုံးနေတဲ့ ပုံပဲဖြစ်ပါတယ်။

“ ဂျပန်လူမျိုးဖြစ်ရတာ ဂုဏ်ယူပါတယ်၊ နှလုံးသားထဲကနေ ဟီနိုမာရုကို မြှင့်တင်ဂုဏ်ယူလိုက်ပါ” လို့ ပိုစတာပေါ်မှာ ဂျပန်လိုရေး သားထားပါတယ်။ အပေါ်ယံကြောကြည့်မယ်ဆိုရင် ပိုစတာက မျိုးချစ်စိတ်ကို လှုံ့ဆော်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဂျပန်အခြေစိုက် Huffington Post Japan သတင်းစာရဲ့ ယခုရက်သတ္တပတ်အစောပိုင်မှာ ဖော်ပြချက်အရ အဲဒီပိုစတာကို ရှင်တိုဘုရားကျောင်းက ထုတ်ဝေတာဖြစ်ကြောင်း သိရှိရပါတယ်။

ဂျပန်အစဉ်အလာဘာသာရေးတစ်ခုဖြစ်တဲ့ ရှင်တိုဘာသာဟာ မကြာသေးခင်က ဆယ်စုနှစ်တွေအတွင်းမှာ ပြန်လည်အားကောင်း
လာခဲ့ပြီး ရှင်တိုဝါဒက အမျိုးသားရေးလှုပ်ရှားမှုနဲ့ နီးကပ်စွာဆက်နွှယ်နေပါတယ်။

ရှင်တိုဘုရားကျောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒါဟာ နိုင်ငံနဲ့သက်ဆိုင်တဲ့ အလုပ်ပိတ်ရက်တွေမှာ နိုင်ငံတော်အလံ လွှင့်ထူမှုကို လှုံဆော်တာပါ။ အဲဒီနေ့ရက်တွေရဲ့အရေးပါမှုကို အများပြည်သူကို ပညာပေးချင်တဲ့သဘောပါလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီပိုစတာကို ၂၀၁၁ခုနှစ်မှာ ပထမဆုံးအကြိမ်ပုံနှိပ်ခဲ့ပြီး နိုင်ငံအနှံက ရှင်တိုဘုရားကျောင်းတွေကို ကော်ပီပေါင်း ၆သောင်းအထိ ဖြန့်ဝေခဲ့ပါတယ်။

ဒါပေမဲ့အဲဒီပိုစတာထဲက အမျိုးသမီးဟာ ဂျပန်လူမျိုးမဟုတ်ဘဲ တရုတ်လူမျိုးဖြစ်နေကြောင့် တစ်စုံတစ်ဦးက ဖော်ထုတ်တွေ့ရှိခဲ့ပြီး နောက်မှာ အခုလိုအငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)