ရေခဲသေတ္တာထဲ ထားတဲ့ ကြက်ဥတွေဟာ အစာအဆိပ်သင့်နိုင်

0
318

လူအများစားသုံးနေတဲ့  ကြက်ဥတွေကို  ရေခဲသေတ္တာထဲ မသိမ်းဆည်းကြဖို့ နဲ့ ဘယ်လိုနေရာမျိုးမှာ သိမ်းဆည်းရမလဲဆိုတာကို  ကျွမ်းကျင်သူတွေက ပြောဆို လိုက်ပါတယ်။

အဓိကအားဖြင့်  ကြက်ဥထုတ်ပိုးထားတဲ့  ခွက်တွေဟာ အပူချိန်ပြောင်းလဲမှု နဲ့   ညစ်ညမ်းမှုကိုကာကွယ်ဖို့ အတွက်ကြောင့်   သူတို့ကို မူလ ထုတ်ပိုးထားတဲ့  ပုံစံခွက် အတွင်းထားရမှာ ဖြစ်ပါတယ်။

များသောအားဖြင့်  လူအများစုဟာ ရေခဲသေတ္တာ အတွင်းပိုင်း  အပေါ်ကန့်  ကခွက်တွေထဲကို   ကြက်ဥတွေ  ထားတက်ကြပါတယ်။  

အဲ့ဒီလို ပူလွန်း၊အေးလွန်းတဲ့နေရာမှာ ကြက်ဥတွေကို ထားမယ်ဆိုရင် အစာအဆိပ်သင့်စေတဲ့ ဘတ်တီးရီးယားပိုးမွှား တွေကို တိုးပွားလာပြီး အစာအဆိပ့်သင့်မှုတွေ ဖြစ်လာစေပါတယ်။

ရေခဲသေတ္တာဟာ   အပူချိန်အတက်အကျ  အများဆုံးဖြစ်ပြီး ပူလွယ်အေးလွယ်တဲ့ နေရာတစ်ခုဖြစ်တဲ့ အတွက် ကြောင့် ကြက်ဥ တွေကို မသိမ်းဆည်းသင့်ပါဘူး၊  အဓိကအားဖြင့် ကြက်ဥတွေကို  ကြာရှည်ခံ စေဖို့  ခြောက် သွေ့ပြီး အပူချိန် တစ်သတ်မှတ်ထဲရှိတဲ့ နေရာ  ၂၀ C  (၆၈ F) အောက်မှာ   သိမ်းဆည်း တာအကောင်း ဆုံး နဲ့ စူပါမားကတ် တွေကို လည်း  ကြက်ဥတွေကို ၂၀ ဒီဂရီ စင်တီဂရိတ်အထက်တွေမှာ မထားကြဖို့ ဗြိတိန် စားသုံးသူ အကြံပေးဌာန က တိုက်တွန်းပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)